''ကလေး သူတို့ကို ကြောက်တာတခုပဲ. . .ခေါင်း
ထဲမှာ ထည့်ထားတာ. . .အဒါကို ဖျောက်ပစ်လိုက် စမ်းပါ. . .အရွယ်ရောက်တဲ့
ယောကျာ်းလေး မိန်းကလေးဆိုတာ. . .ကိုယ့်
ဘဝအတွက် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်
မင်းအတွက် ကိုယ်မားမားမတ်မတ် ရပ်ပေး
ဖို့ အသင့်ရှိတယ်. . .သူ့တို့ကို ကြောက်ဖို့
လိုသလား. . .အုပ်ထိန်းတာနက် ဖိနှိပ်တာကို
ခွဲခြားနိုင်အောင် ကြိုးစားကြည့်ပါ. . .အုပ်ထိနိး
တာကို နာခံပေမယ့်. . .ဖိနှိပ်တာကို တွန်းလှန်
မှ မင်းလွှတ်မှာ''''ကျွန်တော် ကြောက်တယ်''
''ကိုယ်ရှိတယ်လေ ကလေး. . .မင်းကို
ကိုယ်ရည်းစားထားရုံလေး ချစ်တာမဟုဘုး
တဘဝလုံး လက်တွဲဖို့. . .နားလည် မြတ်နိုးပြီး
ချစ်တာ ဘာဖြစ်လို့. . .ကိုယ့်ကို မယုံတာလဲ
ကလေးရယ်''ဆယ်ဟွန်း သူ့မျက်နှာကို ဆွေးငေးစွာ မော့ကြည့်မိသည်။
အားနည်းသော ခပ်ဖျော့ဖျော့ အလင်းရောင်
အောက်မှာ ရီဖန်ရဲ့ မျက်ဝန်းက ချစ်ရိပ်ချစ်သွေး
တို့ဖြင့် ရွှန်းလဲ့နေသည်။မျက်နှာနှစ်ခုသည် နီးကပ်စွာ ငေးမောနေမိ
ကြရင်း. . .-----------------------
"ကလင်. . .ကလင်''
''သားလား''
''nae appa''
''သား ဒီနေ့အားတယ်မဟုတ်လား. . .လေဆိပ်
သွားလိုက်စမ်းပါ''''ဘာလုပ်မလို့လဲ appa''
''ဂျပန်ကလာမည့် အဓိက ဧည့်သည်တယောက်
ရှိတယ်. . .အဒါ သား သွားကြိုလိုက်စမ်းပါ''''ကျွန်တော်. . .''
''မအားလို့မရဘူး သား. . .appa ဒီမှာအရေးကြီး
ကိစ္စရှိနေတယ်. . .အဒီဧည့်သည် တခြားရောက်
သွားလို့ မဖြစ်ဘူး. . .သူ့အကူအညီ ယူရဖို့
အများကြီးရှိတယ်''''သူက ဘယ်သူမို့လို့လဲ''
''နိုင်ငံတကာ ဂျာနယ် top 5မှာ. . .အားလုံး
ရှိတယ်ကွာ. . .ရှာဖတ်ကြည့်လိုက်''တဖက်က,ကမန်းကတန်း ဖုန်းချသွားသည်မို့
ရီဖန်လဲ စာကြည့်ခန်းထဲက ဂျာနယ်ကို
ရှာလိုက်ပြီး top 5ကို လှန်လိုက်ကာ. . .