''အား''
''ဗွမ်း''
ဆယ်ဟွန်းကန်ထဲသို့ ပြုတ်ကျသွားလေသည်။
''ဟား~ဟား~ဟား''
''ကိုကို မကောင်းဘူး~သွား ကျွန်တော်
မကူးတတ်ပါဘူးဆိုနေ''''ကိုယ့်ကိုဖက်ထားလေ''
ဆယ်ဟွန်း ခြေထောက်~ထောက်လို့
မမိတာနဲ့ ချန်းယောလ်လည်ပင်းကို
တအားသိမ်းကျူံး ဖက်ထားမိသည်။"အား~ဝူး''
ရေမွမ်းလျက် ဘွားခနဲပြန်ပေါ်လာတော့
ဆယ်ဟွန်းမျက်လုံးလေးများ ကျိန်းစပ်
သွားလေသည်။ရင်တွေတလှပ်လှပ်ဖြစ်ကာ
ကြောက်လည်းကြောက်၊ဒေါသလည်းထွက်
ချန်းယောလ်ကို တအားထုနှက်လေသည်။''ကိုကို တအားဆိုးတာပဲ~ကျွန်တော်
ကြောက်တယ်သိလား~ဒီတခါ ရေထဲနှစ်ရင်
ငိုပစ်လိုက်မှာ''ချန်းယောလ်က ရှည်လျားသော
ဆယ်ဟွန်း မျက်တောင်လေးတွေပေါ် လက်ခုပ်နဲ့ ရေတွေခပ်၍ တမင်စင်အောင်
လုပ်လိုက်သည်။''ချောလိုက်တာကွာ~မျက်တောင်လေးတွေ
ွပေါ်မှာ~ရေသီးလေးတွေတင်နေတာ
စိန်ပွင့်လေးတွေ လက်နေသလိုပဲ''''မသိဘူးကွာ''
''သိပါတယ်~သိလို့ အဲ့ဒီမျက်နှာမျိုးလေး
မြင်ရအောင်~တမင်လုပ်တာ''''ကိုကိုနော်~ကျွန်တော် တကယ်ရေမွန်းသွားတာ''
''နှုတ်ခမ်းကြီးကလည်း စူထားတာ
ဘဲနှုတ်သီးကြီး ကျနေတာပဲကွာ''အောက်နှုတ်ခမ်းလေး အသာဖိကိုက်လို့
လက်သီးစုပ်လေးဖြင့် ဆယ်ဟွန်း
လှမ်းထုတော့ ချန်းယောလ်က သူ့ကိုယ်လေးကို
လွှတ်ချလိုက်သည်။''အား''
ဆယ်ဟွန်းမျက်လုံးပြူးသွားကာ
ချန်းယောလ်လည်ပင်းကိုပဲ ကမန်းကတန်း
ဆွဲဖက်နေမိသည်။''ကိုကို''
''ဟင်''
''ကျွန်တော့်ကို ပြန်တင်ပေးပါတော့''
ချန်းယောလ်ပြုံးစိစိဖြင့် ရေထဲကနေ
ဆွဲတင်ပေးလိုက်ပြီးရေစိုရွှဲကပ်နေသည့်
ဆယ်ဟွန်းကိုယ်လုံးလေးကို ရင်ခွင်ထဲ
ထည့်ထားလေသည်။ဆယ်ဟွန်းမျက်နှာလေး
နီရဲလာကာ မနေတတ်တော့။