''ဟာ Mr.park ၃နာရီလောက်နဲ့ ဒီလောက်
နှစ်ရှည်ဖိုင်တွေကို ကျုပ် ဘယ်လိုလုပ်
စုဆောင်းရမှာလဲ''''ခင်ဗျား ကိုင်တွယ်နေတဲ့ စာရင်းတွေ
လုပ်ငန်းတွေပဲ အားလုံးခင်ဗျား
လက်ထဲပဲ ရှိရမှာပေါ့ ၃နာရီဆိုတဲ့
အချိန်က မနည်းဘူးနော် ကင်လူကြီးမင်း
နေ့လည် ၁၂တိတိ ဆယ်ဟွန်းရောက်မဟ်
ကျုပ်နဲ့ ဧည့်သည်တွေရောပေါ့
ခင်ဗျား အဆင်သင့်ဖြစ်နေပါ''''Mr.park''
သူခေါ်ပေမယ့် မရတော့ပေ။ကင်လူကြီးမင်း
အိတ်ထဲက လက်ကိုင်ပုဝါကိုထုတ်၍
မျက်နှာတပြင်လုံးကို ပွတ်သုတ်ပစ်လိုကိသည်။''ဘာတဲ့လဲ uncle ကင် ဘာပြောသွားလို့လဲ''
ကင်လူကြီးမင်းက ရုတ်တရက် မဖြေဘဲ
ထိုင်နေကြသည့် ညီအမနှစ်ယောက်ဆီကို
စူးစူးဝါးဝါးလှည့်ကြည့်သည်။''အကိုဆုံးပြီးတဲ့ နောက်ပိုင်းနှစ်တွေက
လုပ်ငန်းစာရင်းတွေကို တောင်းတာ''''အို. . .အဒါ သူနဲ့ဘာဆိုင်လို့လဲ''
''သူနဲ့မဆိုင်ပေမယ့် ဆယ်ဟွန်းပိုင်တယ်လေ
ခု ငါတို့ကို စီးပွားရေးအလွဲသုံးစားမှုနဲ့
တရားစွဲတော့မယ်''ကြီးမေမျက်နှာ ဇီးရွက်ခန့်ငယ်ကျသွား၏
သို့သော်. . .''ဆယ်ဟွန်းကို ကျွန်မတို့ ဒီအရွယ်ထိတောင်
ကျွေးမွေးစောင့်ရှောက်ခဲ့တာပဲ''''တော်. . .တော်တော့ ဘာမှမပြောကြနဲ့တော့ Mr.parkဆိုတဲ့ အကောင်က
လမ်းကြားထဲက စကားမျိုး ပြောမဲ့ကောင်
်မဟုတ်ဘူး ဘယ်လိုထိုးနှက်ချက်တွေ သက်သေအထောက်အထားတွေနဲ့ပြင်ဆင်လာမယ်ဆိုတာ နင်တို့လို
ိုဦးနှောက်မျိုးနဲ့ တွေးခေါ်မနေနဲ့
ဖြစ်လာတော့ ငါပဲလေးဘက်နံရံထဲ
ရောက်ရမှာ လုပ်ကြဦးလေ နှိပ်စက်ခဲ့ကြတာ
သိပ်ကို အရသာရှိကုန်ပြီလား'ကင်လူကြီးမင်း အရူးတစ်ယောက်လို
အော်ဟစ်၍ လက်သီးနှစ်ဖက်ကို
ဆုပ်ထားသည်။ဘယ်သူမှ မျက်နှာ
မမော့ရဲကြပေမယ့် မီရာတို့
အံကြိတ်နေကြသည်။ကင်လူကြီးမင်းက
ကားသော့ဖြုတ်၍ အိမ်ရှေ့ကို
ခပ်သုတ်သုတ်ထွက်သွားသည်။
ထို့နောက် ကမန်းကတမ်းပြန်တက်လာကာ
စာကြည့်ခန်းထဲ ဝင်သွားပြန်သည်။
စကားပြောသံများ ဆိတ်သုဉ်းနေလျက်
ကင်လူကြီးမင်းဝင်သွားတဲ့ဆီကိုသာ
ဘာမှန်းမသိ ငေးကြည့်နေကြသည်။