''အေးအေးဆေးဆေးနေပါ~သားရယ်
အန်တီလုပ်ပါ့မယ်''''ရပါတယ် အန်တီရဲ့ အညောင်းဖြေတဲ့
သဘောပေါ့~ပြီးတော့ အလုပ်နားလိုက်တာနဲ့
ကိုကို့ ကိုသတိရတယ်~အလုပ်လုပ်နေတော့''''မေ့သွားရောလား''
''သတိရတာပဲ''
ဆူဟိုက ဆယ်ဟွန်းမျက်နှာလေးကိုကြည့်၍
ရယ်သည်။mr.parkဆိုတဲ့ လူရဲ့
ခင်ပွန်းဆိုပြီး နာမည်ကြီးနေတာ။ နို့လာပို့ရင်လည်း အချောလေးမို့
သူမမှာ ဆယ်ဟွန်းကိုကြည့်လိုက်ရတာ
အမော။ခုလို အတူနေခွင့်ရတော့
ပိုလို့ချစ်မိသည်။အိုဆယ်ဟွန်းဟု
နာမည်ကြီးသော ကောင်လေးမှာ မာန်မာန
တစိုးတစိမှမရှိဘဲ ချစ်စဖွယ်လေးဖြစ်ကာ
mr.park သည်းသည်းလှုပ် ချစ်နေရှာတဲ့
အဖြစ်။ခင်ပွန်းရဲ့ အရှိန်အဝါနဲ့ ယုယ
မြတ်နိုးမှုကို ခံယူထားသည့် ဆယ်ဟွန်းသည်
လွန်စွာ နူးညံ့အေးဆေးလျက် မတော်
လောဘလည်းမရှိခဲ့ပေ။ခုကနေ ကျွန်တော်ပြန်လာတဲ့အထိ
အန်တီအိမ်ကနေ မခွာပါနဲ့။ကျွန်တော့်
ကောင်လေးကို စောင့်ရှောက်တဲ့
အလုပ်သာ တာဝန်ကျေအောင်လုပ်ပါ။
လိုအပ်တာမှန်သမျှ ဂယောင်းဆူပြောလိုက်။
အားလုံးပြည့်စုံအောင် စီစဉ်ပေးလိမ့်မယ်။ချန်းယောလ်က ဆယ်ဟွန်းရဲ့
ကွယ်ရာမှာလည်း တတွတ်တွတ် မှာခဲ့သည်။
ဒီရက်ပိုင်းလေးမျှ ဒီမှာလာနေပေးရုံနှင့်
ငွေလိုလေသေးမရှိအောင် ပေးခဲ့သည်မို့
ဆူဟိုနေဖြစ်ခဲ့တာပင်။''သားက အိမ်ထောင်ကျတာ အရမ်းကံကောင်းတာပဲနော်''
ဆူဟိုမှာ သမီးတစ်ယောက်တည်းရှိသည်။
သူဌေးနဲ့ ညားသွားတော့ သူ့ကို အဝေးကနေပဲ
ထောက်ပံ့ပေးခဲ့သည်။သို့သော်
သူကိုယ်တိုင်က ငြိမ်ငြိမ်မနေဘဲ နွားနို့
လိုက်ပို့ရောင်းချနေခြင်းဖြစ်သည်။''သားတို့ နှစ်ယောက်လုံး အချောလေးတွေ
ချစ်စရာလည်းကောင်းတယ်~သဘာဝ
တရားကို လွန်ဆန်တယ်ဆိုပေမယ့်လဲ
ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ~တော်တော်
များများကလည်း သားတို့ကို စိတ်ဝင်စား
နေကြတယ်''''ကိုကို့ ကိုစိတ်ဝင်စားကြတာ ဖြစ်ပါလိမ့်မယ်
အန်တီရယ်''