အပိုင်း၁၀🌷🌷

1.3K 145 20
                                    

''မနက်ကိုးနာရီ ...မင်းနဲ့ကိုယ်
လက်ထက်စာချုပ်မှာ ...လက်မှတ်ထိုးမယ် ရှေ့နေတွေနက်...လူကြီးတွေ
လာကြလိမ့်မယ် ...အဆင်သင့်ပြင်ထား''

ပြော၍ ကျွန်တော့်ဘေးနား ပစ္စည်းတွေ
လာချ ပေးသွားသည်။အဖြူရောင်
သတို့သား အကျီဝတ်စုံပါသည့်
ဗူးးတဘူး၊ပြီးတော့ ဘာအထည်တွေမှန်း
မသိသည့် အထုတ်တွေက ပါသေးသည်။
ကျွန်တော် စုံအောင်ထုတ်မကြည့်ဖြစ်ပါ။
အိတ်တွေကိုဖွင့်ပြီး အပြင်ကနေကြည့်၍
ပြန်ချထားလိုက်သည်။မကြာခင်
သူနက်ကျွန်တော် လက်မှတ်
ထိုးရတော့မည်။ခုချိန်ထိ
သူနက်စကားသေချာ မပြောဖြစ်သေး။
လက်ထပ်ကြမည့် လူနှစ်ယောက်ရဲ့
အနေအထားက ခရီးသွားတစ်တွဲ
စကားခေါ်ပြောကြသည့် မျက်နှာသိများ
အဆင့်ထက် မပိုခဲ့ကြပေ။ကျွန်တော်
လျှောက်လှမ်းရမည့် ဘဝခရီးဟာ
ဤသို့သော ကြမ်းတမ်းသည့်
ခရီးမှ စရမည်လား?

''ဆယ်ဟွန်း''

''ဗျာ''

ကုတင်ပေါ်မှာ ငုတ်တုတ်လေး
ထိုင်နေမိဆဲ ဂယောင်းဆူက
အခန်းရှေ့မှ လှမ်းခေါ်လိုက်သဖြင့်
ကျွန်တော် လန့်သွားမိသည်။

''ပြီးရင်...ထွက်ခဲ့ပါတဲ့
Mr park...ခေါ်နေတယ်''

''ဗျာ...ဟုတ်ကဲ့''

ကမန်းကတန်း ထရပ်လိုက်ပြီး
ကျွန်တော် ရေချိုးခန်းထဲ
ဝင်ခဲ့လိုက်သည်။အဖြူရောင်
ဝတ်စုံက သူဘယ်လို မှန်းဆ
ချုပ်ခိုင်းထားလဲတော့ မသိ။
ကျွန်တော်နက် အတော်ပဲဖြစ်နေသည်။
အပြင်ထွက်လာတော့ သူက
အခန်းရှေ့မှာ ရပ်စောင့်နေလေသည်။
ကျွန်တော့်ကိုမြင်တော့
မျက်မှောင်ကြုံ့ကာ။

''မင်းအရွယ်က...ကလေးအရွယ်လဲ
မဟုတ်တော့ဘူး... ခုထိ အဝတ်အစားကို
သေချာ... မဝတ်တတ် သေးဘူးလား''

ပြောပြောဆိုဆိုနဲ့ ကျွန်တော့် အကျီကို
ပုံကျအောင် သူက ပြန်ပြင်ပေးနေသည်။
သူ့ရင်ခွင်ထဲမှာ ရင်ချင်းကပ်မတတ်
ဖြစ်နေရသည်မို့။ကျွန်တော်
အသက်ပင် မရှုရဲဘဲ နှုတ်ခမ်းလေး
ကိုက်၍ ပုခုံးလေးကို ကျုံ့ထားမိသည်။
သူ့ကိုယ်မှ လွန်စွာ အဖိုးတန်သည့်
ရေမွှေးနံ့ သင်းသင်းလေးကို
ကျွန်တော် ရှုရှိုက်မိသည်။ရှက်၍လား?
ကြောက်ဤလား?ကျွန်တော့် ရင်တွေ
ခုန်နေသည်။

🌷🌷ချစ်သူသာကိုယ့်ဘဝရဲ့ အမိန့်ရှင်🌷🌷Tahanan ng mga kuwento. Tumuklas ngayon