ကားတွေရပ်ထားသည့် နေရာရောက်တော့
ကားလည်းမရှိ။လူတွေကိုလည်း မတွေ့ပေ။classရှေ့မှာ ရပ်စောင့်ခဲ့တာလည်း အတော်ကြာပြီ။မလာတဲ့အဆုံးကျမှ
ကားရပ်ထားတဲ့ဆီ အရဲစွန့်ထွက်လာခဲ့ခြင်း
ဖြစ်သည်။ဘယ်သူမှ မတွေ့တော့ ဆယ်ဟွန်း
ရုတ်တရက် ဆက်စောင့်နေရမှာလား။တစ်ယောက်တည်း ပြန်ရတော့မှာလား
မစဉ်းစားတတ်အောင်ဖြစ်သွားသည်။
ဘလိုလုပ်ရင် အပြစ်လွတ်နိုင်မလဲ။''ဆယ်ဟွန်း''
''အ မ လေး''
ကားရှင်း လူရှင်း ဖြစ်နေသောနေရာမှာ
ဆယ်ဟွန်းကိုယ်လေး တွန့်ခနဲ ဖြစ်သွားသည်။လှည့်ကြည့်လိုက်တော့ ရီဖန်။
ဆယ်ဟွန်း မက်မောမိသော အပြံးတပွင့်နှင့်
သူကစိုက်ကြည့်၍. . .''ဟို နှစ်ယောက်ကိုစောင့်နေတာလား''
''ဟုတ်''
''သူတို့ လာမှာမဟုတ်တော့ဘူး''
''ဟင်. . .ဘာဖြစ်လို့လဲ''
''ပြန်သွားကြပြီ''
''ဟာ. . .မဟုတ်တာ''
''တကယ်ပြောတာ. . .ဒါပေမယ့် သူတို့ အိမ်ပြန်
နောက်ကျလိမ့်မယ်. . .ဘာဖြစ်လို့လဲ သိလား''ရီဖန်က ဆယ်ဟွန်းမျက်ဝန်းလေးတွေကို
စိုက်ကြည့်၍. . .''ဂျူံအင်တို့ ခေါ်ထုတ်သွားကြလို့လေ. . .ခုလောက်ဆို
သူတို့ အရမ်းပျော်နေကြလောက်ပြီ''ဆယ်ဟွန်း မယုံနိုင်ပဲဖြစ်နေသည်။
''တကယ်ပြောတာ ဆယ်ဟွန်းမယုံဘူးလား. . .
မယုံမရှိနဲ့ အဲ့ဒါ ဂျူံအင်တို့ ကိုယ့်ကို ကူညီတာ''''ဟင်''
ရီဖန်က ဆယ်ဟွန်း ပခုံးစွန်းကလေးနဲ့
သူ့ပခုံး မထိတထိ ရပ်လိုက်ပြီးးး''ကိုယ် မင်းနဲ့ စကားပြောချင်တယ်''
''ဟို. . .''
''ဒါကြောင့် နှောင့်ယှက်နိုင်တာတွေ အားလုံးကို
ရှင်းပစ်လိုက်တာ. . .ခဏလေး အချိနိပေးနော်''ဆယ်ဟွန်း မျက်လုံးလေးဝိုင်းကာ ဘေးဘီကို
မလုံမလဲ ကြည့်လိုက်သည်။