အချိုလေးတွေကျွေးထားသည်။
စောင်မကိုက်ရ😛။--------- start ------------
ဆယ်ဟွန်း အိပ်ပျော်နေရာက ဖျတ်ခနဲ
နိုးလာတော့ ပတ်ဝန်းကျင်က
တိတ်ဆိတ်လျက် အပ်ကျသံပင်
ကြားရလောက်ပေသည်။''ဟင်''
ဆိုဖာပေါ်မှာ ချန်းယောလ်က စီးကရက်
သောက်လျကိ ခြေထောက်ကို
ဘေးက စားပွဲပေါ် လှမ်းတင်ထားသည်။
ခေါင်းစွတ်ဆွယ်တာ အနီရောင်ရဲရဲ
လက်ရှည်နှင့် သူ့မျက်နှာက
မီးရောင်အောက်မှာ ဖြူဝင်းနေသည်။
သူ ဘယ်တုန်းက ပြန်ရောက်နေမှန်း
မသိလိုက်ပေ။နာရီကို ကြည့်တော့
ညည့်နက်နှစ်နာရီတိတိ။ဆယိဟွန်း
အိပ်ယာပေါ်က ထလိုက်သည်။
အဝတ်အစားမလဲပဲ အိပ်ပျော်သွားတာမို့
ပြောစရာဖြစ်မှာစိုး၍ပါ။''မင်း နိုးလာပြီလား''
''ဘယ်တုန်းက ပြန်ရောက်လာတာလဲ
ကျွန်တော် စောင့်နေရင်းနဲ့
အိပ်ပျော်သွားတာ''သူက စီးကရက်တို့ကို ပြာခွက်ထဲ
အသာချ၍ ပြုံးလိုက်သည်။
ထို အပြုံးတို့က စွဲမက်ချင်စရာ။''ဆယ်နာရီခွဲက ပြန်ရောက်တာ
မင်း အဝတ်အစားတွေ မလဲဘဲ
အိပ်ပျော်နေတာတွေ့လို့
ထိုင်စောင့်နေတာ''ကျွန်တော် သူ့ကို အားနာသွားရသည်။
''အခန်းထဲဝင်လာကတည်းက
အဝတ်စားလဲမလို့ပဲ ခဏဆိုပြီး
လှဲလိုက်တာ ဘယ်လို
အိပ်ပျော်သွားမှန်းမသိ ခု
သွားလဲလိုက်ပါ့မယ်''''နေ နေ ကိုယ်လဲပေးမယ်''
ချန်းယောလ် သူ့ကိုယ်လုံးလေးကို
စွေ့ခနဲ ပွေ့ယူလိုက်ပြီး
အကျီင်္ကြယ်သီးလေးများကို
တဆင့်ပြီး တဆင့်စတင်၍
ဖြုတ်ချလာချေပြီ။''ဟင့်အင်း''
လက်တို့က ဘောင်းဘီဇစ်နား
ရောက်လာသည့်မို့ ရှောင်တိမ်းဖို့
ကြိုးစားပေမယ့်လဲ မရခဲ့ပေ။
သူ၏ အနမ်းများနှင့်အတူ
ရှက်ရွံ့ထိတ်လန့်ခြင်းများနှင့်သာ။|မီးပျက်သွားခဲ့သည်^_^ |
တစ်ညလုံး သူ့လက်မောင်းပေါ်
ပွေ့ဖက်ခံထားရသဖြင့်
ဆယ်ဟွန်းမွန်းကြပ်ကာ အိပ်ပျော်သလိုဖြစ်လိုက်၊နိုးလာလိုက်။
သူနိုးသွားမည်စိုး၍ မလှုပ်ရဲခဲ့။
တစ်ကိုယ်လုံး တောင့်တင်းနေပြီ။
နာရီကို လှမ်းကြည့်တော့
ခြောက်နာရီထိုးနေပြီမို့ ဆယ်ဟွန်း
မအောင့်နိုင်တော့ဘဲ လူးလူးလွန့်လွန့်
ဖြစ်လာသည်။သူမျက်လုံးများ
ချက်ချင်းပွင့်လာကာ။