ထိုမိန်းကလေးနှင့်ပတ်သက်၍ ရင်မှာ
လှိုင်းထသွားခဲ့တာ ဘာကြောင့်ဆိုတာတော့
ပြောမပြတတ်ပေ။''ကျွန်တော် ပြန်တော့မယ် ကိုကို''
ချန်းယောလ်လက်တွေကို ဖယ်ချ၍ သူ ဇွတ်ထွက်လာခဲ့သည်။သို့သော်
သူ့ နောက်ကလိုက်ပါလျက်
ဂယောင်းဆူကို လှမ်းခေါ်လိုက်ကာ။''ဆယ်ဟွန်းကို ပြန်ပို့ပေးလိုက်''
''ဗျာ. . .ဟုတ်ကဲ့''
သူ့အမိန့်အတိုင်း ဆယ်ဟွန်းကို
ဂယောင်းဆူ အိမ်ထိလိုက်ပို့သည်။
အိမ်ပြန်ရောက်တော့ ဆယ်ဟွန်း
မှန်ရှေ့မှာ အသာလေးထိုင်ကာ
ကိုယ့်မျက်နှာကို ငေးကြည့်နေမိသည်။
တကယ်မြင်နေသည်က ဆိုမီရဲ့
မျက်နှာကိုသာဖြစ်သည်။သူ့မျက်လုံးထဲမှာ
ဆိုမီက တော်တော်ကို လှသည်။
ပြောပုံဆိုပုံအရ ကိုကိုနဲ့ နိုင်ငံခြားမှာ
အတော်ကြီး ရင်းနှီးလာခဲ့ဟန်တူကာ ကိုကို
အခွင့်အရေးပေးမှုကိုလည်း ရလိမ့်မည်။
ကိုကိုကရော ဒီလောက်လှတဲ့ မိန်းကလေးကို
လိုလားမှုမရှိခဲ့ဘူးတဲ့လား။
ဆယ်ဟွန်း ဘာဖြစ်နေမိမှန်း ကိုယ့်ကိုပင်
မသိပါ။ရီဖန်နဲ့ ချစ်ခဲ့ကြသော အချိန်များမှာ
သူ့အနားမှာ ရှိတဲ့အချိန်တိုင်း ကျီးလန့်
စာစားဖြစ်နေခဲ့ရတဲ့ ကြောက်လန့်စိတ်ဟာ
ချစ်တာကိုလည်း မခံစားမိ။ရင်ခုန်နေတာကိုပဲ
ကြောက်နေတာလား။ချစ်၍ ရင်ခုန်ခြင်းလား
မခွဲခြားမိပေ။ကြောက်မိတဲ့အတိုင်းပဲ
သူနဲ့တွေ့၍ အရိုက်ခံရ။သူက ချစ်လို့
အထောင်းခံရ။ငါးဖယ်လို အသားတွေ
မာမာလာခဲ့ပေမယ့် သူ အလူးအလှိမ့်
ခံခဲ့ရသည်။ချစ်တဲ့စိတ်ဟာ
ကြောက်လန့်ခြင်းများအောက်မှာ
သာယာမှုကို ရှာဖွေချိန်မရခဲ့ပါ။
ဒါဆို သူအခု ကိုကို ကိုမကျေနပ်စိတ်လေး
ဝငိနေမိတာ သဝန်တိုတာလား။
ဒါမှမဟုတ် ကိုယ့်ဘက်က မျက်နှာငယ်တဲ့
ဘဝမို့ ဝမ်းနည်းအားငယ်ပြီး ရှောင်ဖယ်
ချင်တာလား။''ဆယ်ဟွန်း''
မှန်ထဲ ဘွားခနဲပေါ်လာကာမှ ချန်းယောလ်
ဝင်လာတာကို သူ သတိထားမိသည်။
ဒီအချိန် ပြန်မလာဖူးသဖြင့် သူနေရာမှ
ထကာ ချန်းယောလ်ဘက်ကို
မျက်နှာမူလိုက်သည်။