အပိုင်း၇🌷🌷

1.3K 136 24
                                    

အောက်ထပ်က ပြောင်လက်နေသော
ကားနက်ကြီး ဝင်လာတာ မြင်သည်နှင့်။
အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

''လာပါ......ကျုပ် အားလုံးပြင်ဆင်ပြီးပါပြီ''

မြင်ကွင်းထဲ ရောက်လာသူကို မြင်တွေ့မိသည်
နှင့် မီမီ အနားမှာ ထိုင်နေသော မီရာ့ကို
လက်ကုတ်လိုက်သည်။မီရာ မျက်တောင်
တချက်မှ မခတ်မိဘဲ Mr.park ဆိုသော
ပုဂွိုလ်ကို ငေးကြည့်နေမိသည်။
မြင်ဖူးသမျှ ယောကျာ်းတွေထဲမှာ
ဒီလောက်မြင့်တဲ့ အရပ်မျိုး။ဒီတခါပဲ
မြင်ဖူးသေးတယ်ဟု ပြောလျှင်
လွန်မည်မထင်။ပြောင်လက် မည်းနက်
နေသော ရှုးဖိနပ်ကို စီးထားလျက်
ခပ်ပွပွ ဘောင်းဘီရှည် မီးခိုးရောင်နှင့်
ကုတ်အကျီင်္ မီးခိုးရောင်ကို ရင်ဖွင့်ဝတ်ထားသည့်
သူသည် ဘယ်သူ့မှ ဂရုစိုက်နေသော
ဟန်မရှိဘဲ လှမ်းဝင်လာခြင်းဖြစ်သည်။
မြင်လိုက်တာနက် ရှိန်ကျသွားစေနိုင်သော
တင့်တယ် ခမ်းနားခြင်းမျိုးလည်း
သူ့မျက်နှာမှာရှိသည်။

''ထိုင်ပါ Mr.park......သမီးတို့
စားစရာ......တခုခု သွားလုပ်လိုက်ဦး''

''ရတယ်......မလိုဘူး''

ကင်သူဌေး လေသံကို အစွမ်းကုန်လျှော့ချ
ထားကာ......

''ဟောဒီမှာ စာရင်းလည်း......လုပ်ထားပြီးပါပြီ
ပစ္စည်းရော ငွေပါ ......စိတ်ကြိုက်စစ်ကြည့်ပါ
ကျုပ်မှားသွားပါတယ်......အဒါကို ထပ်ပြီး
တောင်းပန်ပါတယ် ကျုပ်က......''

''ခဏနေဦး''

ချန်းယောလ် လက်ကာပြလိုက်ပြီး စားပွဲပေါ်ရှိ
ပစ္စည်းနက် ငွေသားတို့ကို တချက်ဝေ့ကြည့်
လိုက်သည်။

''ခင်ဗျား......ဘယ်လောက် သုံးထားလဲ''

''ဝမ် ကိုးသိန်းရှစ်သောင်း''

''ဘလောက် ကျန်သလဲ''

''ဝမ် နှစ်ရာ့ကိုးဆယ်''

''ခင်ဗျား ရှစ်ရာယူထားတယ်ပေါ့''

''ဟုတ်ပါတယ်......ကျုပ် သူပေးသလောက်
ရတာပဲ......သူ့မှာ''

ချန်းယောလ် မျက်လုံးတချက် မှိတ်၍
တွက်ကြည့်လိုက်သည်။

တိုစိပ်သော မျက်တောင်မည်းလေးတွေကို
မီရာ သတိထားကြည့်နေမိသည်။

🌷🌷ချစ်သူသာကိုယ့်ဘဝရဲ့ အမိန့်ရှင်🌷🌷Where stories live. Discover now