D.O.' point of view"D.O.shiကျေးဇူးပြုပြီးငါနဲ့တွဲပေးပါ..........."
အေးစက်စက်နဲ့ တွဲပေးဖို့သူ့ရဲ့တောင်းဆိုသံအဆုံး......
ကျွန်တော်အကြားချင်ဆုံး သူ့ဆီကစကားသံ.....
ကျွန်တော်ပျော်သွားမယ်ထင်သွားကြတယ်မလား......😖
ရင်ထဲက ဆစ်ခနဲ နာကျင်မှုလေးတစ်ခု............
"ကျွန်တော်ငြင်းပါရစေ Chnayeol shi....."
ကျွန်တော်ပြန်ဖြေလိုက်တဲ့ စကားသံရဲ့အဆုံး.....
အံသြနေသော မျက်ဝန်းတွေနဲ့ ကြည့်လာသူ၂ယောက်.....
"Waeyo?.....ကျွန်တော့မှာ ဘာချို့ယွင်းချက်
ရှိနေလို့လဲ D.O. shi.....""ဟင့်အင်း ......Chanyeolမှာ ဘာချို့ယွင်းချက်မှ
မရှိပါဘူး.......ကျွန်တော်က Chanyeolရဲ့အချစ်ကိုဘဲ
လိုချင်တာပါ.......အပျော်သက်သက်တွဲကြည့်ချင်တာ
မဟုတ်လို့.....Chanyeol ကျွန်တော့ကို ချစ်နိုင်လား
ဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ...."ကျွန်တော့ရဲ့ ရှည်လျားလှသော စကားသံအဆုံး
လူသုံးယောက်ရှိနေသောဆေးရုံအခန်းလေးအတွင်းဝယ်
တစ်ယောက်အသံရှူသံ တစ်ယောက်ကြားရသည်အထိ
တိ်တ်ဆ်ိတ်မှုကလွှမ်းမိုးသွားခဲ့သည်.......တွဲကြမယ်ပြောလာတဲ့သူက ချစ်လားဆိုမှ
ငြိမ်ကျသွားတယ်......😥😥😥"အဲ့တာဆို ကျွန်တော်ပြန်ဆန်းစစ်ကြည့်ပါဦးမယ်
D.O. shi......"တိတ်ဆိတ်မှုတွေရဲ့ အချိန်အတော်ကြာပြီးမှ
ထွက်ပေါ်လာသော သူရဲ့စကားသံ"မင်းတို့ကလည်းကွာ.......ဟိုတစ်ခါD.O.ကဖွင့်ပြောတယ်
အခု Chanyeolက တွဲကြမယ်ဆိုတော့လည်း
ငြင်းတယ်....ဘာတွေလား....မြန်မြန်တွဲကြပြီးရော.."အရင်ကလိုအာပြဲသံလေးနှင့်မဟုတ်ဘဲ
နေမကောင်းသဖြင့်ငြောင်နာနာသံလေးဖြင့်Baekhyun
တစ်ယောက်ဝင်ပြောလာသည်......"မဟုတ်ဘူး....Baekရဲ့ ငါက Chanyeolကို
သဘောကျတယ်ချစ်တယ်ပြောခဲ့တာ......
သူပြန်ချစ်လာမှာကိုလိုချင်တာ....
အခုလိုမျိုး တွဲကြမယ်ဆိုတာမျိုးလိုချင်တာမဟုတ်ဘူး
ကျွန်တော်ပြောခဲ့တဲ့စကားတွေထဲမှာ
ပြန်တွဲပေးပါလို့မတောင်းဆိုဖူးပါဘူး.....
ဒါကြောင့်.....Yeolကျွန်တော့ကို ချစ်ပါတယ်လို့
ပြောလာမဲ့နေ့လေးကိုစောင့်နေမှာပါ....."
YOU ARE READING
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ