"Park Chanyeol မင်းမထသေးပြန်ဘူးလား
ငါတောင်နိုးနေပြီ ထတော့........"အခန်းအဝနားကနေ စူးရှလှသော အသံလှိုင်းတစ်ခုက
ကျွန်တော့နားစည်အတွင်းသို့ဝင်ရောက်လာတော့
ဦးနှောက်နိုးသွားလေပြီ....
သို့သော် မျက်လုံးအစုံကို မဖွင့်သေးဘဲထားလိုက်သည်....
အနားသို့ ခြေသံနီးလာလေ....Byunလေးရဲ့အနံလေးက
မွှေးလာလေ.........."Yar......Park Chanyeol......
ထတော့....မင်းဘဲ ငါတို့နှစ်ယောက်အနာဂတ်အတွက်
အလုပ်လုပ်တော့မယ်ဆို လူကနေကောင်းတာဖြင့်
၅လရှိပြီ အခုထိ ပျင်းလို့ကောင်းနေတုန်းလား......""Baekကလေးကလည်း ကိုယ်ကအခုထတော့မလို့ပါဘဲ."
"မင်း အိပ်နေခဲ့တာ ၃နှစ်ဆက်တိုက် အခုထိ အိပ်ရေးမဝသေးဘူးလား အခုထ ဒီနေ့ပထမဆုံးအလုပ်ဝင်ရမဲ့နေ့ဆိုတာမေ့နေပြီလား......"
"ထပြီ....ကိုယ်ရေသွားချိုးဦးမယ်နော်....စောင့်နေ....."
"မြန်မြန်သာကြွ.....တကယ်ထဲ...."
ရေချိုးပြီးထွက်လာတော့ စောင်တွေရှင်းပြီးနေကာ
သပ်ရပ်နေသော ကုတင်ပေါ်တွင် laptopတစ်လုံးဖြင့်
အလုပ်ရှုပ်နေသော Baekပုံစံကချစ်ဖို့ကောင်းနေသည်....သူများတွေ အလုပ်သွားသလို Suitဖြင့်မဟုတ်ဘဲ
အင်္ကျီအဖြူလက်ရှည် ဂျင်းဘောင်းဘီရှည်အပြင်
အလှတပ်ထားသော မျက်မှန်အဝိုင်းလေးနဲ့
Puppyပေါက်လေးသဖွယ်....
မထိန်းနိုင်သော စိတ်ကြောင့် ပြေးကာ
စူထော်နေသော နှုတ်ခမ်းလေးကို ထိသည်ဆိုရုံလေး
ပြေးနမ်းမိတော့ အကောင်ပိစိက
မျက်စိစုံမှိတ်သွားလေးသည်.......
ŞİMDİ OKUDUĞUN
အဖြူရောင်စည်း(အဖြူရောင်စည်း){completed}
Hayran KurguUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ