part27
710 58 11
"Manager nim, Chanရော......"
ဆေးရုံကဆင်းပြီးကတည်းက
ပင်ပင်ပန်းပန်း ဘာမှမလုပ်ခိုင်းတော့ဘဲ
အိမ်မှာဘဲ နားနေစေခဲ့တာ
တစ်လပင် ပြည့်တော့မည်မို့
ပျင်းတာနှင့် Chanရှိရာ ကုမ္ပဏီသို့
ထွက်လာကာ ရှုပ်ရန်စဉ်းစားထားသော်လည်း
အလုပ်သရဲက ဘယ်သွားနေသည်မသိ......
"ကျွန်တော်မသိဘူး.....အကိုလေ....
ဆရာက scheduleထဲမှာ
မပါတဲ့ချိန်းဆိုမှုဖြစ်မယ်ထင်တယ်......."
သူပြောလိုက်တာက ရိုးရိုးလေး....
အပြင်သွားတယ်ပေါ့.....
ဒါဆိုလဲ.....ထိုင်စောင့်ရုံဘဲပေါ့........
"ဟုတ်ကဲ့ပါ....ကျွန်တော် သူ့ရုံးခန်းကနေဘဲ
စောင့်နေလိုက်ပါ့မယ်..........."
"ဟုတ်ကဲ့ ဝင်သွားလိုက်ပါ့ခင်ဗျ......"
ပြုံး၍ခေါင်းတစ်ချက်ငြိမ့်ပြကာ
ရုံးခန်းထဲ ဝင်လာလိုက်ကာ
Chanရဲ့ထိုင်ခုံလေးတွင် ထိုင်ချလိုက်တော့
Chanရဲ့ အငွေ့အသက်နဲ့
ကိုယ်သင်းရနံလေးကြောင့်
နွေးထွေးသွားရလေသည်..........
စားပွဲပေါ်က photo frameလေးကို
မြင်တော့ တစ်ချက်ပြုံးမိသေးသည်......
ကျောင်းတတ်တုန်းက ပြိုင်ပွဲဝင်ခဲ့တဲ့
နှစ်ယောက်တွဲပုံလေးကို ထည့်ကာ
ထောင်ထားလေသည်......
နှစ်ယောက်လုံး....အပြုံးကိုယ်စီဖြင့်......
ထိုအချိန်ကတည်းကသာ ပွင့်လင်းခဲ့ကြပါလျှင်လို့
တွေးမိတိုင်း မြုံစိစိChanကို ထုချင်လာလေသည်.....
ဖုန်းလေးထုတ်ကာ ဆက်ရန်ပြင်ပြီးမှ
တစ်ဖက်အလုပ်ရှင်တွေနှင့် စကားပြောနေပါက
အဆင်မပြေဖြစ်မည် စိုးသောကြောင့်
ဖုန်းလေးကို စားပွဲပေါ်သာတင်ထားလိုက်လေသည်....
မနက်ကလေးတင် အလုပ်မသွားခင်လေး
လာနှုတ်ဆက်သွားပါရဲ့ မတွေ့ရတာလည်း
၆နာရီပင် မပြည့်သေးဘဲ
ဘာကိုလွမ်းလို့လွမ်းနေမှန်း မသိ........
မြန်မြန်လက်ထပ်မှပါကွာ......
အခုတော့၅လလောက် စောင့်ရဦးမည်.....
Chanကချက်ချင်းလက်ထပ်ပါမည်ဆိုကာ
လူကြီးချင်းလည်း ပြောပြီးသားကို
ကျွန်တော်ကိုယ်တိုင်က စောင့်ခိုင်းတာ၅လ
အခုတော့ ပြန်ပြောင်းရမယ်ထင်တယ်.....