"Ommanie.....Baekကပြန်မလာသေးဘုးလား..."
သင်တန်းပိတ်ရက်တစ်ခုတွင် Baekအိမ်သို့ommaတို့ဖြင့်
လိုက်သွားကာ....Baek၏အငွေ့အသက်လေးတွေကို
ထိုင်လွမ်းနေလိုက်သည်......."ဟုတ်တယ်သားရဲ့ Baekလေးက
ဟိုမှာပျော်နေတယ်လို့ပြောတယ်......
သားလေးပျော်နေဖို့ကအဓိကပါလေ......"ဟုတ်ပါတယ် Byun Baekhyunလေး
ပျော်နေဖို့ကအဓိကပါ......
ဒါပေမဲ့......Baekသွားတာ ၃လရှိနေခဲ့ပြီ........
ရက်ပေါင်း၉၀ကျော်လေး....ငါမရှိတဲ့နေရာမှာ မင်းပျော်နေပေမဲ့....
မင်းထားခဲ့တဲ့နေရာလေးမှာ
ငါနေသားမကျဘဲ လွမ်းနေတုန်း Baek....."Ommanie..Baekအခန်းကို သွားကြည့်ချင်လို့..."
ခွင့်တောင်းလိုက်တော့.....
ပြောစရာလိုသေးလားဟု ပြောကာ သွားခွင့်ပြုသောကြောင့်
အပေါ်ထပ်သို့တတ်လာလိုက်သည်.....သန့်ရှင်းသပ်ရပ်နေသော အခန်းလေးက
Baekမရှိမှန်းသိသာစေသည်...
သူရှိလျှင်တောင် ထိုအခန်းလေးကရှုပ်ပွနေသည်...ကုတင်ပေါ်က အိပ်ရာခင်း..ခေါင်းအုံး..ဖက်လုံးဝါဝါလေးတို့ကို ကုတင်အောက်ကနေထိုင်ကာ
ထိတွေ့မိတော့....အလွမ်းဓာတ်တွေက
ပိုမိုပျံ့နှံ့လာလေသည်........နံရံတွင် ကပ်ထားသော နှစ်ယောက်တွဲပုံလေးတွေက
အသက်အရွယ်စုံလင်စွာ.....
စာကြည့်စားပွဲပေါ်ရှိ ကျောင်းဝတ်စုံနှင့် နှစ်ယောက်တွဲ
ဓာတ်ပုံလေးထဲမှ Baekလေးက
မင်းနဲ့ငါက သူငယ်ချင်းတွေ စည်းမကျော်နဲ့ပြောနေသယောင်ထလိုက်ရင်း.....စာကြည့်စားပွဲမှာထိုင်ကာ
ထိုဓာတိပုံလေးကို ကောက်ကိုင်လိုက်တော့
စာရွက်ခေါက်လေးတစ်ခုက
အောက်သို့ထွက်ကျလာလေသည်"ငါ မင်းကို လက်လွှတ်မပေးနိုင်လောက်အောင်
စွဲလမ်းမိနေပြီ....."စာကြောင်းကတိုတိုလေး...သို့သော်
ကျွန်တော့ရင်ဘက်တစ်ခုလုံးအား
စုတ်ပြတ်သွားစေသည်.......အောက်ကdateလေးက ကျွန်တော် မှတ်မိနေသော
နေ့စွဲတစ်ခု......
ဆေးရုံဆင်းပြီး...ခိုးလည်ခဲ့ကာ
သူ့နှုတ်ခမ်းတွေကို ပိုင်ဆိုင်ခဲ့ရသော နေ့လေး
လက်ချောင်းရှည်ရှည်လေးက လက်စွပ်ကို
ကြည့်လိုက်ရင်း....မွန်းကြပ်လာသဖြင့်
အောက်ထပ်သို့သာ ပြန်ဆင်းလာလိုက်လေသည်....
![](https://img.wattpad.com/cover/142077898-288-k526906.jpg)
BẠN ĐANG ĐỌC
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ