"Park Chanyeol....""ဗျာ ....ဗျ...."
"စလာပြန်ပြီ မျက်နှာကပြောင်ချော်ချော်နဲ့...."
ပြောလိုက်တော့ တည်သွားကာ
"ကဲ ဘာပြောမလို့လဲပြော......"
"မင်း D.O.ကို ချစ်သေးလား....."
တကယ်ပါ သူ့ရင်ထဲကခံစားချက်တွေကို
မြင်ချင်မိတယ်......."ငါ D.O.ကိုချစ်ပါတယ်လို့ ဘယ်သူပြောလည်း..."
သူချစ်ပါတယ် ဖွင့်မပြောခဲ့ပေမဲ့
သူချစ်ခဲ့လို့သာ ခံစားနေခဲ့ရတာမလား...."မင်းတကယ်မေ့လိုက်တော့မှာလား...."
မေးလိုက်တော့ မျက်နှာကတည်သွားကာ....
"Baekhyun shi..."
"Nae...."
တည်တံနေသော သူ့မျက်နှာကြောင့်
အယောင်ယောင်အမှားမှားပြန်ထူးရင်း......"ငါ D.O.ကိုချစ်ပါတယ်လို့ ပြောခဲ့ဖူးလား...."
အွန်း....သူချစ်တယ်လို့တော့ပြောဖူးတယ်
ဒါပေမဲ့ နာမည်မပါခဲ့ချေ....."ပြောဖူးတယ်...ဒါပေမဲ့ နာမည်ခေါ်ပြီး
မပြောဖူးဘူး.....""ငါဘာလို့ မပြောခဲ့တာလည်းသိလား. ."
"မသိဘူး....ဘာလို့လဲ Chan...."
"ငါချစ်နေတာ အခြားတစ်ယောက်ကိုမလို့လေ....."
သောက်လက်စ အအေးခွက်ထဲက
ပိုက်တံကို ကြိတ်ကိုက်လိုက်ရင်း
ချေနေမိသည်.............ချစ်ရမည့်သူရှိနေခဲ့သည်တဲ့လား.......
ကိုယ်မသိတဲ့ သူ့ရဲ့ချစ်ရတဲ့သူ.........."ငါနဲ့အမြဲတမ်းတွေ့ဖြစ်နေတာတောင်မှ
မင်းမှာချစ်ရတဲ့သူရှိသေးတယ်လား....
ငါမသိတဲ့သူလေ......""ရှိသေးတာပေါ့.....
တို့နှစ်ယောက်က အကြောင်းသိတွေဆိုပေမဲ့
နှလုံးသားရေးရာတွေအထိတော့ သိနိုင်ပါ့မလား
မင်းရဲ့အရာရာတိုင်းကို ငါမသိနိုင်သလို
မင်းရဲ့အရာရာတိုင်းကိုလည်း ငါမမြင်နိုင်ပါဘူး....."ဟုတ်တယ် Chan.....
မင်းရဲ့အရာရာတိုင်းကို ငါမသိနိုင်ခဲ့ဘူး........
ခိုးကြည့်လို့ရရင်လည်းကောင်းသား....
မင်းနှလုံးသားထဲ ခိုးဝင်ပြီး
မင်းချစ်ရသူရဲ့နေရာမှာ ငါ့ပုံရိပ်အစားထိုးခဲ့ချင်လိုက်တာ...
BẠN ĐANG ĐỌC
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ