"Hyun.....Baekလေး
အခြေအနေက ဘယ်လိုလဲ......"မသိတာလဲ မဟုတ်သိနေပါလျက်နဲ့
ထပ်မေးလိုက်ခြင်းက ကိုယ့်စိတ်ကို
ညာချင်လို့ဆိုတာ အကုန်သိမည်ထင်ပေသည်....ပြင်ပမှရောဂါပိုးဝင်မည်စိုး၍
စောင့်ရသော Chanyeolပင်လျှင်
Gownဝတ်ထားရသည်ကို
လျစ်လျူရှုပြီးမေးနေသည့်Chanသည်
Baekအသက်ရှင်ဖို့အတွက်
်ဘာလုပ်ရလုပ်ရလုပ်ပေးမည့်အသွင်ဖြင့်....."Chanyeol......ဒါ Baekလေးအတွက်...."
လှမ်းပေးလာသောထမင်းဘူးသည်
အရင်နေ့တွေလို အရောင်တင်မှုန့်တွေ
ကင်းဝေးရသော ဖြူဖျော့ဖျော့ဟင်းများပါနေမည်ဆိုတာ
မလွဲဧကန်ပေ...........အပြင်က သူတွေကို နှုတ်ဆက်ပြီး
တစ်ယောက်ထဲ ကျန်နေခဲ့သော Byunလေး
အခန်းတွင်းသို့ဝင်လာလိုက်လေသည်.......အိပ်ပျော်နေသော မျက်နှာလေးက
အပြစ်ကင်းစင်လှပြီး ထိရက်စရာမရှိအောင်
နုဖက်နေလေသည်.......
ဒီလောက် ချစ်ဖို့ကောင်းလှသော
Baekလေးကိုမှ ကံတရားက ဘာကြောင့်
ရက်စက်ရသလဲဆိုတာ ဘယ်သူ့မေးရမှန်းမသိပေ...Cannulaလေးထိုးထားသော လက်လေးကို
ကိုင်လိုက်ရင်း နှုတ်ခမ်းလေးဖြင့်နမ်းလိုက်စဉ်
လက်ဖမိုးနုနုပေါ် ကျဆင်းလာသော
ကျွန်တော့မျက်ရည်စက်တို့ကြောင့်
သူလေးနိုးသွားမည် စိုးသဖြင့်
ကဗျာကယာသုတ်လိုက်ရလေသည်..........ကုတင်ပေါ် ခေါင်းတင်လိုက်ရင်း
အသံတိတ်သာ ကြိတ်ငိုလိုက်မိသည်....
ဝဋ်ကြွေးရှိရင် သူ့အတွက် ဒီလောက်နဲ့ဘဲ
ကြေပါစေလေ...................ကုတင်ပေါ်တွင် ခေါင်းစိုက်ကာ
အသံမထွက်အောင် ကြိတ်ငိုနေသော
Chanသည် ကျွန်တော်ခံစားနေရသည့်
ဝေဒနာထက် ပို၍ခံစားနေတယ်ဆိုတာ
ပြောပြပေးမဲ့သူ မရှိခဲ့ပေမဲ့ ကျွန်တော်သိနေခဲ့သည်..ကျေးဇူးတင်ပါတယ် Chan.....
နောက်ဆုံးအခြေအနေနဲ့ အချိန်ထိ
ကျွန်တော့ဘေးနားမှာ ရှိနေပေးလို့......ဝမ်းနည်းမှုကြောင့် လှိုက်တက်လာသော
မျက်ရည်အချို့က အလိုက်မသိစွာ
ပါးပြင်ပေါ် စီးဆင်းလာကြလေသည်.....
VOUS LISEZ
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ