မှိတ်ထားသော မျက်ဝန်းအစုံကိုဖွင့်မိတော့
အလင်းရောင်စူးစူးကြောင့် ချက်ချင်းပြန်မှိတ်လိုက်မိပေမဲ့
အမှတ်တမဲ့မြင်လိုက်ရသော အရိပ်တစ်ခုကြောင့်
ချက်ချင်းပင် ပြန်ဖွင့်လိုက်သည်........."Yeol.....မင်းဘာမှမဖြစ်ဘူးနော်......"
ပြုံးပြကာ ခေါင်းငြိမ့်ပြသောကြောင့်
ဝမ်းသာမျက်ရည်တို့ကကျလာရသည်...."Park Chanyeolရယ်မင်းသာငါ့ကိုထားသွားခဲ့ရမယ်
ဆိုရင်ငါရူးသွားနိုင်တယ်မင်းသိလား...."ပြောရင်းဖြင့်Chanအား လွတ်ထွက်မသွားနိုင်အောင်
ပွေ့ဖက်ထားလိုက်သည်...........အပြင်ကိုလှမိးကြည့်လိုက်တော့ Ommaတို့တွေက
လှမ်းကြည့်နေလေရဲ့........ပြုံးပြလိုက်ရင်း.....Chanရဲ့လက်ကလေးတွေကို
ဖွဖွလေး ဆုပ်ကိုင်လိုက်ချိန်တွင်.....
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှ....
အသံနစ်ခုကထွက်ပေါ်လာသည်........"Suho.....သားငယ်လေးလက်လှုပ်လာပြီ....
ဆရာဝန်သွားခေါ်...."ထိုအသံကို ကြားလိုက်တော့ မိမိမနိုးထသေးကြောင်း
နားလည်လိုက်သည်.....
အဖြစ်အပျက်အလုံးစုံကို ပြန်စဉ်းစားကြည့်မိတော့"Chan......"
သတိရကာစိုးရိမ်စိတ်များစွာနှင့်မျက်လုံးဖွင့်ကာ
ကုန်းရုန်းထလိုက်တော့.....
ခေါင်းကမူးနေသည့်အပြင်လက်ဆီမှ
နာကျင်မှုတစ်ခု........
ထိုနာကျင်မှုဆီမှသည်လိုက်ကြည့််လိုက်တော့
သွေးထုပ်တစ်ထုပ်........"အဲ့တာက သားငယ်လေးရဲ့သွေးထဲမှာပါတဲ့ဓာတ်တစ်မျိုးကနည်းနေလို့ သားလေးရဲ့ ဘာမှမဖြစ်ဘူး
စိုးရိမ်မနေနဲ့......"Ommaရဲ့အသံကြားမှပင်စိုးရိမ်စိတ်တို့က
ပျောက်ကွယ်သွားရသည်.......
ငယ်ငယ်ကတည်းက ခဏခဏနေမကောင်းတတ်သော
ကျွန်တော်သည်Chanကိုထားသွားခဲ့ရမှာ
ကြောက်ရွံ့နေခဲ့သည်.....အခုလိုအချိန်မျိုးမှာဆို
ပိုတောင်ဝေးသေးသည်...........ဝင်ရောက်လာသော ဆရာဝန်တွေ၏
ရှင်းပြသံတွေ နားထဲမဝင်အား
တွေးနေမိသည်က Chan ဘယ်လိုနေလဲ ဆိုတာပင်"ဆရာ...."
စကားပြောနေသော ဆရာဝန်ကြီး၏ အသံမှာ
တိတ်ဆိတ်သွားကာ"ပြော သား....."
"Chanရဲ့အခြေအနေ ဘယ်လိုရှိလဲ......"
"ကောင်းပါတယ်သားရဲ့...သက်သာရင်သွားကြည့်လေ...
အသက်ဘေးကတော့ သူလွတ်မြောက်လာပါပြီ....""ဟုတ်...."
"သားကတော့ ကိုယ့်ကိုကိုယ်အရင်အားပြည့်အောင်
ဖြည့်ပါဦး....."ခေါင်းလေးသာငြိမ့်ပြလိုက်ဖြစ်သည်
အခုချိန်တွင်Chanကလွဲပြီး
Ommaတို့ကိုတောင်အပူရုပ်ကိုဟန်လုပ်၍
မပြုံးပြချင်လောက်အောင်ပင်ပန်းနေသည်.......၃ရက်မြောက်သောနေ့တွင်ပင်Chanကိုမြင်ခွင့်ရခဲ့လေပြီ
Chanက အိပ်ပျော်နေဆဲ....လုံးဝကိုသတိရမလာသေးပေ.မင်းရဲ့အိပ်ပျော်ခြင်းမှာ နာကျင်မှုတွေကင်းနေရဲ့လားChan.
မင်းနာကျင်နေရလား........"သားလေး.....အိမ်ပြန်ပြီးအနားယူပါဦးလား.....
ပင်ပန်းနေရောပေါ့.......""ရပါတယ်Ommanie...သား Chanဘေးနားမှာဘဲ
နေချင်လို့ပါ...ဒါနဲ့လေ....Chanနိုးလာရင်
သားတို့လက်ထပ်ဖို့ကိုအသိပေးကြမယ်နော်......."မျက်ရည်တသွင်သွင်ကျလျက်ရိုက်သံစွတ်နေသော
ကျွန်တော့အသံတို့က ကျွန်တော့နာကျင်မှုကို
ဖော်ပြနေလေသည်........."သားလေးရယ်.....အသိပေးမှာပေါ့....Chanဆိုတာ
ဟောဒီက ကျွန်မသားမက်Baek Baekလေးအတွက်ပါကွာ.........."ပြုံးပြကာပြောလာတဲ့ Chanရဲ့ Ommaရင်ထဲတွင်
ဘယ်လောက်တောင်ပူလောင်နေခဲ့ရလဲ.........Chanရယ်ငါသာဖုန်းမဆက်ခဲ့ရင်
မင်း......ကားမှောက်ခဲ့ပါ့မလား............
ငါ့ကြောင့်သာ မင်းအခုလိုခံစားနေရတာ.......စိတ်ချပါ Chan.....ငါနောက်ဆုံးထွက်သက်ထိ
မင်းဘေးမှာဘဲနေသွားပါ့မယ်................°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
🙏🙏🙏
အများကြီးစောင့်စေခဲ့မိလို့တောင်းပန်ပါတယ်
အဘွားမကောင်းလို့ပြုစုပေးနေရတာနဲ့
ဆေးရုံကdutyတေဆက်နေလို့ပါ...
အခုတော့အဘွားလည်းဆုံးသွားခဲ့ပါပြီ.....
နောက်ထပ်အကြာကြီးမစောင့်ခိုင်းရမိအောင်ကြိုးစားပါ့မယ်
စောင့်နေပေးလို့ကျေးဇူးတင်ပါတယ်
![](https://img.wattpad.com/cover/142077898-288-k526906.jpg)
أنت تقرأ
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
أدب الهواةUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ