"သိနေတယ်Chan.....
ငါ့မှာသွေးကင်ဆာရှိတယ်ဆိုတာကို
ငါသိနေခဲ့တယ်........"ထွက်ပေါ်လာသော အသံလေးက
တိုးငြင်းစွာ......သို့သော်
ကျွန်တော့နားထဲတွင်တော့ အရမ်းကို
ကျယ်လောင်နေခဲ့သည်..........."ဘယ်ကတည်းကလဲ Baek......
ဘယ်ကတည်းက သိနေခဲ့တာလဲ........"ခဏတာ ငြိမ်သက်သွားသော Byunလေးသည်
ကျွန်တော့မျက်လုံးတို့ကို စိုက်ကြည့်လာရင်း....."တရုတ်ကို လိုက်သွားလည်ကတည်းကဘဲChan..
တရုတ်ကိုလိုက်သွားပြီးနောက်နေ့မှာ
မူးလဲလို့ဆေးရုံရောက်ပြီးမှသိတာ......"ကျွန်တော်က သူ့အတွက်
အရေးမပါလို့ ဖွင့်မပြောခဲ့တာလားလို့
စကားနာ မထိုးချင်ပါ.....
ကျွန်တော်ခံစားရမှာစိုး၍သာ ဖွင့်မပြောခဲ့ခြင်းဖြစ်မည်ဟု
ဖြည့်တွေးလိုက်ရင်း...ကျဆင်းလာသော
မျက်ရည်တို့ကို သုတ်လိုက်ရင်း........."အဲ့တော့...ဒီတိုင်းဘဲနေခဲ့တာလား......"
ခေါင်းကိုခပ်လေးလေးခါပြရင်း........
"ငါကြိုးစားခဲ့ပါတယ်Chan.....
မင်းဘေးနားမှာ ကြာကြာဆက်ရှိချင်လို့
ငါအကောင်းဆုံးကြိုးစားခဲ့ပါတယ်....
အတော်ဆုံးဆိုတဲ့သမားတော်တွေနဲ့
တရုတ်မှာနေရင်း ပြခဲ့တယ်....
Bone marrowလဲဖို့လည်း
ကိုက်ညီတဲ့သူကို ရှာတွေ့ခဲ့တယ်......""ဒါဆို.......အခုရောရှိသေးလား...."
ရေနစ်သူကဲ့သို့ အနားသို့ရောက်လာသော
ကောက်ရိုးတစ်မျှင်ကိုပင်အားကိုးတကြီးဆုပ်ကိုင်ထား
ချင်တာမို့မျှော်လင့်ချက်အပြည့်ဖြင့်မေးလိုက်သောအခါ"မရှိတော့ဘူး....Chan....."
ထိန်းထားသော မျက်ရည်တို့ကို
မနိုင်တော့စွာ လွှတ်ချလာသော Baekလေး၏
မျက်ဝန်းအိမ်တွင်မျက်ရည်စက်တို့ပြည့်နှက်သွားလျက်
တအင့်အင့်ဖြင့်ရှိုက်ငိုနေတာကို
မချော့နိုင်ဘဲ.....ကျွန်တော်လည်း ဖက်၍သာ
ငိုနေမိသည်......"ဘာလို့လဲ Baek......ဘာလို့မရှိတော့တာလဲ."
"မင်း.....accidentဖြစ်တဲ့နေ့ရဲ့နောက်နေ့မှာ
ငါ ခွဲစိတ်ဖို့စီစဉ်ပြီးသား......
အိမ်ကိုတောင်အသိမပေးဘဲ...
Kris hyungတို့အကူအညီနဲ့ပေါ့
ပြီးမှ ပုံမှန်အတိုင်းပြန်လာမယ်လို့
စီစဉ်ထားခဲ့တာ........""အဲ့တာဆို....ဘာလို့ပြန်လာခဲ့တာလဲ....Baekhyun"
မာသွားသောလေသံသည်ဂရုဏာဒေါသကြောင့်
ဆိုတာရော သူရော ကျွန်တော်ရော
သိနေတာမို့ သူ စိတ်မကောက်ပါလေ...."မင်းကြောင့်ဘဲ....Chan.....
မင်းတစ်ခုခုဖြစ်ပြီဆိုတာသိလို့
ချက်ချင်းပြန်လာခဲ့တာ...........""Baekရယ်......"
"မင်းက ငါ့အသက်ထက်တောင်
ငါ့ဘဝမှာ အရေးပါတယ်Chan......""ဘာလို့ မင်းအသက်ကိုတောင်
ဂရုမစိုက်ဘဲ ငါ့ဆီ လာခဲ့ရတာလဲ.....""ငါ......မင်းကို သိပ်ချစ်လို့ပေါ့........
မင်းအသက်ရှင်မလား မရှင်မလားမသိတဲ့အချိန်မှာ
ငါအသက်ရှင်ဖို့အတွက်ငါခွဲစိတ်ရင်
ငါ လူမဟုတ်ဘူးလေ Chanရယ်......""ဒါဆို အခု ငါနဲ့ကြာကြာဆက်ရှိနေရအောင်
Chemotherapy ယူကြရအောင်.......""မင်း...ယူစေချင်ရင်တော့ ယူမှာပါ.....
ငါလဲ မင်းနားမှာ ရှိနေချင်သေးတယ်လေ........
ဒါပေမဲ့ ငါ့အတွက်မျှော်လင့်ချက်က
သိပ်မရှိတော့တာမို့ မင်းကအများကြီး
မျှော်လင့်မနေပါနဲ့...
ငါ.....ဆရာဝန်ကြီး မှာလိုက်တဲ့
ရောဂါပိုးဝင်လွယ်တဲ့နေရာတွေ
လူထူထပ်တဲ့နေရာတွေမသွားနဲ့ ဆိုတာမျိုးတွေကို
နားမထောင်ဖြစ်ခဲ့ဘူး........
မင်းသတိမရသေးတဲ့ ၃နှစ်လုံးရောဂါပိုးများတဲ့
ဆေးရုံမှာနေ့ရောညရောရှိနေခဲ့တယ်.......
ငါ့အတွက်....အသက်ရှင်ဖို့မျှော်လင့်ချက်ဆိုတာထက်
မင်းအနားမှာ တစ်ရက်လောက်ပိုနေခွင့်ဆိုတာကိုဘဲ
လိုအပ်တာပါ..........."အခန်းထဲတွင်တော့...........စကားတွေ
ပျောက်ဆုံးကာပြောစရာစကားရှာမတွေ့ခဲ့သော
ကောင်လေးနှင့်ဝမ်းနည်းနေသောကောင်လေးကို
ကြည့်ကာ....ရောဂါကိုမေ့ရင်း ပူဆွေးနေသော
ကောင်လေးလည်းရှိနေခဲ့လေသည်............
KAMU SEDANG MEMBACA
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
Fiksi PenggemarUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ