part.......21
850 64 10
"Chan.......hyungကမင်းကို
ဖိတ်ခိုင်းလို့ မင်္ဂလာပွဲကိုလာခဲ့ပါတယ်တဲ့....
မင်းနဲ့ငါက သတို့သားအရံလုပ်ပေးရမယ်တဲ့လေ😊"
စကားတွေဆုံးအောင်ပြောပြီးသည်နှင့်
တစ်ဖက်ကတုန့်ပြန်သံကို
ဝမ်းသားအားရစောင့်နေသော်လည်း
တိတ်ဆိတ်ငြိမ်သက်သွားလေသည်......
နားကွဲသွားသည်ဟု ထင်ရလောက်အောင်
ကျယ်လောင်သော အသံတစ်ခု....
အထင်မမှားဘူးဆိုရင် ဒါကကားချင်းတိုက်မိသံ....
ရင်ထဲ ကမ္ဘာပျက်သွားရလောက်အောင်
Chanကိုစိတ်ပူမိသွားသည်.....
"Hello.....Chan....Chan
ငါခေါ်တာ ကြားလား....Chan...."
မချသေးသော ဖုန်းလေးကို အဆက်မပြတ်ခေါ်နေလျက်
အခန်းအပြင်ဘက် ပြေးထွက်ကာ
"Kris...hyung....လေယာဉ်လက်မှတ်ချက်ချင်း
စီစဉ်ပေး........"
ကျသွားသည်ဖြစ်သော ဖုန်းကနေ
အိမ်ကိုလှမ်းဆက်သွယ်ကာ Chanရှိလားမေးကာ
မရှိသဖြင့်ရှာရန် ပြောရသေးသည်.......
"Hyung....ကျွန်တော်သွားတော့မယ်
မင်္ဂလာပွဲကို အမှီပြန်လာမယ်....."
နှုတ်ဆက်ရင်း လေယာဉ်ပေါ်တတ်လာလိုက်သည်
ဒီနေ့မှ လေယာဉ်ကနှေးနေသည်.......
လိုရာခရီးသို့ မရောက်နိုင်......ကြာမြင့်နေလေသည်
"Park Chanyeol မင်းကို ဘာမှဖြစ်ခွင့်မပေး
နိုင်ဘူး......ငါကမင်းကို အရမ်းချစ်တာမို့
မင်းကို ဖွင့်ပြောတော့မှာမို့....ဘာမှမဖြစ်ဘဲ စောင့်နေပေးပါ"
လေယာဉ်ဆိုက်သည်နှင့် လာကြိုမည့်သူစောင့်မနေတော့ဘဲ
Chanရှိနေရာ ဆေးရုံသို့ ကားငှါးကာ သွားလိုက်သည်...
Suho hyungအလုပ်ဝင်နေသော
ဆေးရုံဖြစ်သောကြောင့် သီးသန့်ခန်းရသော်လည်း
ဒဏ်ရာ ပြင်းထန်သဖြင့် ခွဲစိတ်မှုလုပ်အပြီးတွင်
ICU(intensive care unit)တွင်
ထားရသဖြင့် လူနာစောင့် တစ်ယောက်သာ
ဝင်ရလေသည်...........
ကျွန်တော် ရောက်တော့ Chanရဲ့Ommaက
ထွက်လာပေးသဖြင့် အခန်းထဲဝင်လိုက်တော့
ခြေထောက်နှင့် ခေါင်းတွင် ပတ်တီးအဖွေးသားနှင့်
တစ်တီတီမြည်နေသော စက်တို့၏အသံက
Chanကို မွန်းကြပ်စေလေမလား
ဘယ်လောက်တောင် မင်းနာကျင်နေရမလဲ
Chanရယ်..........
ငါ့ကြောင့်.....ကားမောင်းနေတုန်း
ငါဖုန်းဆက်ခဲ့လို့.....ငါသာဖုန်းမဆက်ခဲ့ရင်
မင်းအခုလိုဖြစ်မှာမဟုတ်ဘူး.............
Channieလေး ကျေးဇူးပြုပြီးနိုးထပေးပါ့လား........
ဘေးနားကနေ ဆေးအပ်သွင်းထားသော
လက်ချောင်းတို့ကို ထိတွေ့ဆုပ်ကိုင်လိုက်ရင်း
မျက်ရည်တို့သွင်သွင်ကျမိသည်..............
တိတ်ဆိတ်ငြိမ်သက်နေသော နေရာတွင်
စက်မြည်သံတို့က အလွန်ချောက်ခြားဖွယ် ကောင်းလှသည်
မျက်ခွံနားတစ်ဝိုက်တွက် ပွန်းပဲ့ရာတို့က
Chan၏မျက်နှာလှလှလေးကို ရုပ်ဆိုးစေသည်....
ငြိမ်သက်စွာလဲလျောင်းနေသော ကောင်လေး၏
ဘေးနားတွင် မျက်ရည်တို့စီးကျလျက်
လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားကာ
မလှုပ်မယှပ် ထိုင်နေသော
ကောင်လေးတစ်ယောက်ရှိနေသည်.............
အချိန်ကာလတွေမည်မျှ ကြာသွားသည်မသိ.....
တိတ်ဆိတ်နေသော အခန်းငယ်လေးအတွင်းသို့
ဆရာဝန်တွေ ဝင်လာချိန်တွင်.........
ကုတင်ပေါ်မှကောင်လေးလက်ကို
ဆုပ်ကိုင်လျက် တစ်ကိုယ်လုံးအေးစက်ကာ
ငြိမ်သက်နေသော ကောင်လေးတစ်ယောက်ရှိနေလေသည်
"ဆရာ.......ဒီကောင်လေးကို အရေးပေါ်ခန်းချက်ချင်းပို့ပေးပါ......."
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဖတ်ပေးကြပါဦး