part 19
920 71 13
"ငါ မင်းကိုချစ်တယ်...."
ပြောလိုက်တဲ့သူကပေါ့ပေါ့ပါးပါးပေမဲ့
နှလုံးသားနဲ့ နားထောင်လိုက်တဲ့သူ့အတွက်ကတော့
ရေမကူးတတ်သော သူတစ်ယောက် ရေထဲသို့
ကျောက်တုံးကြီးနှင့် အတူကျသွားသကဲ့သို့
လေးလံလွန်းလှသလို နက်နဲလွန်းပါသည်.......
"Baek......"
ရုပ်တည်ကြီးဖြင့်ခပ်တည်တည်ကြည့်နေသူကြောင့်
နောက်တာလား ဟူသော စကားကဆက်ထွက်မလာ...
"ငါ စနောက်နေတာမဟုတ်ဘူး Yeol
ငါမင်းကိုချစ်နေတာ.....ဟိုးငယ်ငယ်လေးကတည်းကဘဲ.."
မယုံကြည်နိုင်စွာ ကြောင်ငေးလျက်ကြည့်နေမိလိုက်သည်..
"Baek....ငါလေ...မင်းကို...."
"ဟား..ဟား..ဟား...Yeol..
မင်းတကယ်ထင်သွားတယ်မလား....
ငါကစနေတာ....."
နောက်ကနေချစ်တယ်ဆိုသော စကားလုံးပြောရန်
ပြင်နေစဉ် ဆက်ပြောလာသော စကားတွေကြောင့်
မျှော်လင့်ချက်တွေက မှန်ကျကွဲသလို
အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားခဲ့ရလေသည်.....
"ငါ တကယ်မထင်ပါဘူး...ဘာလို့ဆို
ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေလေ..
ဒီလို ဖြူစင်လွန်းလှတဲ့စည်းကို ငါတို့ဖြတ်ကျော်လို့
ဘယ်ဖြစ်ပါ့မလဲ......."
"အေးနော်....ငါတို့တွေ ဖြူဖြူစင်စင်လေးချစ်နေရတာ
အေးချမ်းတယ်..."
အမှန်ဘဲ Baekလေး....ငါမင်းကိုချစ်တဲ့အချစ်တွေက
အရောင်ဆိုးခဲ့မိလို့ အခုတော့ ပူလောင်နေရပြီ...
"ကဲပါ.....ငါ လာပြောတဲ့အကြောင်းကိုတောင်မေ့တော့မလို့"
"ပြောပါဦး ဘာအကြောင်းလဲ..."
"ငါတရုတ်ကို လိုက်လည်မလို့....
Kris hyungကအလည်ခေါ်နေတာနဲ့...."
"သြော်......ဘယ်လောက်ကြာမှာလဲ...."
"ပျော်သလောက်ပေါ့.....တသက်လုံးလည်းနေချင်နေမှာ.."
"သြော်...ငါ့ကိုချန်ထားခဲ့တော့မယ်ပေါ့လေ
မင်းက....."
"စတာပါကွ.....ငါက မင်းမရှိတဲ့နေရာမှာ ပျော်မှာလားလို့
ပြန်လာမှာပေါ့...အခုကမရောက်ဘူးလို့
လိုက်လည်တာ......"