Chapter (1)

30.8K 2.1K 60
                                    

Unicode

***********

မပီမသ မြင်နေရသော လူတစ်ယောက်ရဲ့မျက်နှာ။

''ငါ မင်းအချစ်ကို မုန်းတယ်..''

ပီသစွာ ကြားနေရသော အသံက အေးစက်စက်။ ခံစားချက်မပါ။ ရက်စက်ခြင်း တွေပါနေသည်လား။ အမုန်းတွေပါနေသည်လား ကွဲကွဲပြားပြားမသိရ။ သို့သော် ရင်ဘတ်အတွင်းမှ စူးခနဲ အောင့်တက်လာသည်ကတော့ အမှန်။

ပတ်ဝန်းကျင်ကို သေချာ မမြင်ရ။ အရာအားလုံးက ဝေဝေ၀ါးဝါး။ အမြင်အာရုံတွင် နီးကပ်စွာရှိနေသော ထိုသူရဲ့မျက်နှာကိုလည်း သေချာမမြင်ရ။ သေချာ သတိထားမိနေသည်က မိမိသည် ကျောက်စားပွဲခုံကြီးတစ်ခုပေါ်တွင် ချုပ်နှောင်ခြင်းခံထားရသည်။

''ငါ မင်းအချစ်ကို မုန်းတယ်..''

နောက်ထပ် ထပ်ကြားလိုက်ရပြန်ပြီ။ ထိုအသံကို ကြားလိုက်ရလျှင် မခံမရပ်နိုင်အောင် ဝမ်းနည်းရ၊ ခံစားရသဖြင့် နောက်ထပ်မကြားချင်။ မကြားချင်သော်ငြား ပြောနေသူရဲ့မျက်နှာကို မြင်ချင်မိတာကြောင့် မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်မိသည်။ ပတ်ဝန်းကျင်ကို သဲသဲ ကွဲကွဲ မမြင်ရ။

ထို့နောက် မသဲမကွဲမြင်နေရတဲ့ လူရဲ့ ပုံရိပ်ကပျောက်သွားပြန်သည်။ မြူငွေ့တွေ ဖုံးလွှမ်းနေသကဲ့သို့ အရာအားလုံးက မီးခိုးရောင်အတိဖြစ်သွားပြန်လေသည်။

ပြီးတော့ နောက်ထပ် မြင်ကွင်းတစ်ခု ပြန်ပေါ်လာပြန်လေသည်။

ထို့နောက် ဘယ်ဘယ်ရင်ဘတ်မှ မခံံမရပ်နိင်အောင် ပူလောင်နာကျင်မှု။ ဝေဝေ၀ါးဝါးမြင်နေရသော အမြင်အာရုံထဲတွင် လွှမ်းမိုးထားသည်က ငွေရောင် ဝတ်ရုံဖြင့် ခြောက်ခြားစရာ အသွင်သဏ္ဍာန်အပြည့်နှင့် လူကြီးတစ်ယောက်။ ဒီတစ်ခါတော့ မျက်နှာကို သေချာမြင်နေရသည်။ စုန်းကဝေခေါင်းဆောင် မားကပ်စ်ဖြစ်သည်။ အပြုံးတို့က ကြောက်စရာ တုန်လှုပ်စရာကောင်းလှသည်။

ထို့နောက် မားကပ်စ်က ဓားမြှောင်တစ်ခုဖြင့် မိမိရင်ဝကို ထိုးစိုက်လိုက်ခြင်း။

ထိတ်လန့်မှုဖြင့် မျက်လုံးများကို အစွမ်းကုန်မှိတ်ထားလိုက်မိသည်။ တစ်ဆက်တည်းမှာပင် ရင်ဘတ်နေရာမှ စူးခနဲ ပူလောင််နာကျင်မှုနဲ့အတူ ပိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင်တော့ အိပ်မက်ကမ္ဘာထဲမှ လက်တွေ့ဘဝကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတိထားမိလိုက်လေတော့သည်။

Star Love (II)Where stories live. Discover now