Chapter (4)

15.5K 1.6K 43
                                    

Unicode

**************

မျက်လုံးများက နီရဲနေကာ သွားစွယ်များဖြင့် ကြောက်စရာ အသွင်သဏ္ဍာန်နဲ့လူကြီးဟာ မိမိကိုယ်ခုန်အုပ်လာသည်။ ရှိုင်းမျက်လုံးထဲမှာ လက်ရှိမြင်နေရသော မြင်ကွင်းတွေက ပျောက်ဆုံးသွားလေသည်။ Avalon City ထဲမှာ ရောက်နေရမည့်အစား မှောင်မိုက်နေသော တောအုပ်အတွင်းက ရေကန်ငယ်လေးနံဘေးမှာ ရောက်နေတာဖြစ်နေသည်။

သို့သော် ကြောက်စရာ Vampire အသွင်သဏ္ဍာန်ဖြင့် ခုန်အုပ်ထားသော လူကြီးကတော့ မပြောင်း။

ဘာတွေလဲ။ အသက်အန္တရာယ်နဲ့ ကြုံနေရတဲ့ အချိန်မှာတောင် မျက််လုံးထဲမှာ နားလည်ရခက်တဲ့ မြင်ကွင်းတွေ မြင်ယောင်နေပြန်ပြီလား။ ဒါမှမဟုတ် ရှိုင်းရဲ့ခေါင်းထဲမှာ ပျောက်ဆုံးနေတဲ့ မှတ်ညဏ်အပိုင်းအစတွေလား။

ဒါဖြင့်ရင် ရှိုင်းကို ဒီလူကြီးက အရင်တုန်းကရော သွေးစုပ်ဖို့ကြိုးစားခဲ့ဖူးတာလား။

ဒီလိုအချိန်တွင် ရှိုင်းရဲ့ကြယ်စွမ်းအင်တွေက သုံးစားလို့မရတော့။

ရှိုင်းသေရတော့မည်လား။

အသက်ရှူသံပြင်းပြင်းတစ်ခုနဲ့ အတူ လည်တိုင်နားကို သွားစွယ်များက ဦးတည်လာလေသည်။ ကိစ္စချောပြီဟု ထင်မှတ်လိုက်ကာ မျက်လုံးများကို မှိတ်လိုက်မိသည်။ ထိုလူကြီးရဲ့လက်တစ်ဖက်က ရှိုင်းရဲ့ခါးကိုချုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က ရှိုင်းရဲ့လည်တိုင်ကို ချုပ်ကိုင်လိုက်တာကို သိလိုက်ရသည်။

နားရွက်နောက်လည်ပင်းနား နေရာကို ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုတစ်ခု။ ထို့နောက် ခန္ဓာကိုယ်ထဲက သွေးတွေက အပြင်ဘက်ကို စုပ်ယူခြင်းခံနေရတာကို ခံစားလိုက်မိသည်။ ညည်းညူမိလိုက်သည်လား မညည်းညူမိလိုက်ဘူးလားဆိုတာကို ကိုယ်တိုင်သေချာမသိ။ အသည်းခိုက်မတတ် နာကျင်ရတော့မည်ဟု ထင်ထားခဲ့သော်ငြား ထိုသို့မဟုတ်။ နာကျင်ရသော်ငြား နူးညံ့လွန်းနေသည်။ နာကျင်ခြင်းကို မေ့လျှော့ကာ တစ်ဒိုင်းဒိုင်းရင်ခုန်သံတွေကသာ မင်းမူနေလေတော့သည်။ တစ်ခဏသာ ထိုနူးညံ့သော နာကျင်မှုကိုခံစားလိုက်ရပြီးတော့ ချွန်ထွက်သော သွားစွယ်များက လည်တိုင်မှပြန်လည် ထွက်ခွာသွားတာကို သိလိုက်ရသည်။

Star Love (II)Where stories live. Discover now