Unicode
****************
ရှိုင်းက သူငယ်ချင်းများနှင့်အတူ ကျောင်းထဲသို့ ဝင်လာသော အချိန်တွင် ကျောင်းအဆောက်အအုံရှေ့တွင် ထီးထီးမားမားကြီးရပ်နေတဲ့ မီးလျှံကိုတွေ့လိုက်ရလေသည်။ ရှိုင်းရဲ့ ခြေလှမ်းတွေက ရှေ့ဆက်တိုးလို့မရတော့ဘဲ တုံ့ခနဲရပ်သွားရလေသည်။
ကျောင်းတက်ချိန်နီးပြီမို့ ကျောင်းအပေါက်ဝတွင် ကျောင်းသားတွေ အများကြီး ရှိနေတာဖြစ်သည်။ သို့သော် ထိုကျောင်းသားတွေကြားမှာ Long Coat အနက်ရောင်နဲ့ လှိုင်းတွန့်ဆံပင်ရှည်တွေနဲ့ မိုးထိုးနေသော မီးလျှံရဲ့ အရပ်ကြီးကြောင့် ထင်းထွက်လျက်ရှိသည်။ ထို့အပြင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘေးဘီးကို ခေါင်းလည်ရင်း ကြည့်နေသေးသည်။ ရှိုင်းတို့ရဲ့ ကျောင်းအုပ်ဆရာကြီးနှင့်တူနေသည်။
ကြည်လင်နေသော နေရောင်အောက်တွင် သွေးမရှိသလို ဖြူဆုတ်နေသော အသားအရေ၊ မိုးထိုးနေသော အရပ်နှင့် အသားအရေမှအပ တစ်ကိုယ်လုံးနက်စွေးနေသော မီးလျှံဟာ နောက်တစ်ခေါက် ထပ်ရှင်းပြစရာမလိုအောင်ကို Vampire တစ်ယောက်ပါဆိုတာ သေချာလွန်းနေသည်။
မီးလျှံကို တွေ့လိုက်တာနှင့်ကို ရှိုင်းရဲ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခြေလှမ်းတွေကလည်း နည်းနည်းလေးမှကိုရှေ့ဆက်တိုးလို့မရတော့။ ထို့အပြင် ရင်ဘတ်ထဲကနေ ဒိုင်းခနဲ အသံအကျယ်ကြီးတစ်ခုနှင့် အတူ လူကလည်း ကတုန်ကယင်ဖြစ်လာပြီး ပါးပြင်လေးနှစ်ဖက်လုံး ပန်းဆီရောင်သန်းလာသည်။
မတွေ့ရဲသဖြင့် ရှောင်နေကာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကျောင်းတွေ လာစောင့်နေသေးသည်။
''ဟဲ့.. သွားလေ ဘာဖြစ်လို့ ရုတ်တရတ်ကြီး ရပ်လိုက်တာလဲ..''
ရှိုင်းရပ်လိုက်တော့ နောက်က အမွှာနှစ်ယောက်နှင့် ဂျူလီယန်ကလည်း ဆက်မသွားဘဲ ရှိုင်းကို မေးလာသည်။ ရုတ်တရတ် ရှိုင်း ဘယ်လိုပြန်ဖြေရမှန်းမသိ။
ဒီလောက် ထိုးထိုးထောင်ထောင််နှင့် ထင်းထွက်နေတဲ့ လူကြီးကို သူငယ်ချင်းတွေ မြင်သွားရင် ရှိုင်း ဘယ်လိုရှင်းပြရမလဲ။ ဖခင်ဖြစ်သူကို မနည်းပြောပြီးတော့ နောက်ကွယ်က စောင့်ရှောက်ပေးမယ့် Bodyguard အယောက်နှစ်ဆယ်လောက်နဲ့ ကျောင်းတက်ခွင့်ရလာတာ ဒီလိုကြီးလာတွေ့တော့ ရှိုင်း ရင်တွေတုန်ပြီး ဒီနေ့ဘယ်လိုမှ စာကောင်းကောင်းသင်လို့ရတော့မှာ မဟုတ်။

JE LEEST
Star Love (II)
FantasyTitle - Star Love : The Unchanged Love A true love that comes from the heart can't be destroyed. You may not remember me but your heart does . Believe in your heart and find your love . I will be with you until you remember. Because you are the on...