Chapter (13)

13.1K 1.4K 25
                                        

Unicode

************

There is an author's note at the end of this Chapter .

ညသန်းခေါင်ယံ အချိန်ကို နီးကပ်လာပြီဖြစ်သဖြင့် ပတ်ဝန်းကျင်က မှောင်မိုက်သည်ထက် ပိုပြီးတော့ မှောင်မိုက်နေလေသည်။ ဗလာနထ္ထိညတစ်ညလို့ပင် ဆိုနိုင်လောက်အောင်ကို တောကြီးတစ်ခုလုံးက မြူတွေလည်း ရှိမနေ ၊ တိမ်တွေလည်း ကင်းစင်လျက် ရှိနေကာ ပကတိလမိုက်ညအသွင်ကို ဆောင်လျက်ရှိလေသည်။ တစ်ချက်တစ်ချက် တိုက်ခတ်သွားသော လေပြေတစ်ချို့မှအပ ကျန်တာ အသက်မရှိသလို တိတ်ဆိိတ်ငြိမ်သက်နေလျက်။

တောကြီးတစ်ခုလုံးကလည်း သစ်ရွက်ခြောက်များ ကင်းမဲ့လျက်ရှိသော သစ်ပင်အရိုးများနှင့်သာ ပြည့်နှက်နေလျက် ခြောက်ကပ်လျက်ရှိနေသည်။

ထိုတောအုပ်ကြီးရဲ့အလယ်ဗဟိုတည့်တည့်နေရာတွင် ရှိသော ကြီးမားလှသည့် မြေအောက်သချိုင်းဂူကြီးတစ်ခု။ ထိုနေရာသည် အရင်တုန်းက မားကပ်စ်ရဲ့ စုန်းကဝေတို့ကို အုပ်ချုပ်ခဲ့စဉ်က နေထိုင်ခဲ့တဲ့ မြေအောက်ခန်းတည်ရှိရာ နေရာဖြစ်သည်။

ဒီနေရာသည် အရင်တုန်းက မားကပ်စ်ကြီးစိုးခဲ့စဉ်က ခမ်းနားကာ ကြောက်စရာကောင်းခဲ့သော မြေအောင်သချိုင်းနေရာကြီးဖြစ်သည်။ ယခုအခါတော့ အုတ်ပုံတစ်ဝက်ဖြစ်နေသည့်အပြင် မီးလောင်ရာများဖြင့် မည်းနက်နေလျက် တကယ့်ကို ပျက်စီးနေပြီဖြစ်သော တစပြင်ကြီးတစ်ခုလို ခြောက်ခြားဖွယ် ကောင်းလျက်ရှိနေလေပြီဖြစ်သည်။

ထိုအုတ်ပုံ ကြီး ရှိရာသို့ အရိပ်မည်းတစ်ခုက တဖြေးဖြေး တိုးကပ်သွားနေလေသည်။ ထိုအရိပ်မည်းသည် နိကိုလပ်စ်ရဲ့ တပည့်ဖြစ်သူ Black ဖြစ်သည်။ နိကိုလပ်စ်၏ စေခိုင်းချက်အရ မားကပ်စ်ရဲ့ နေရာဟောင်းကို စုံစမ်းဖို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုနေရာတွင် နိကိုလပ်စ်၏ တပည့်ဖြစ်သူ ဂျွန်၏ အရိပ်အယောင်များ တွေ့ရသည်ဟု သတင်းအတိအကျရသဖြင့် Black အား စုံစမ်းရန် လွှတ်လိုက်ခြင်းဖြစ်သည်။

ထိုနေရာတွင် ဂျွန်တစ်ယောက်ပုန်းကွယ်ကာ ဘာတွေများလုပ်နေပါသနည်း။ အရင်တုန်းက နေရာမှာရှိနေသော အဖြစ်သည် ပုန်းကွယ်နေခြင်း မဟုတ်တော့။ ရဲတင်းစွာ နေနေခြင်းသာဖြစ်သည်။ သေချာတာကတော့ ကောင်းသောအရာမဟုတ်ဘူးဆိုတာကိုပင်။

Star Love (II)Tempat cerita menjadi hidup. Temukan sekarang