Chapter ( 21 )

11.4K 1.4K 56
                                    

Unicode

************

ရီဝေဝေ မူးနောက်နောက် အသိ၊ နှုတ်ခမ်းတစ်စုံမှ နူးညံ့သော အထိအတွေ့ နှင့်အတူ တဒိုင်းဒိုင်း လှုပ်ရှားနေသော ရင်ခုန်သံတို့ကို သတိထားမိသည်။ ရှိုင်း ဒီခံစားမှုကို အရမ်းသဘောကျနေမိသည်။ အချိန်အတော်ကြာ လိုက်ပါ စီးမြောနေမိသည်။

သို့သော်...။

နွေးထွေး လက်ရှိအနေအထားမှ အရိုးထဲထိ စိမ့်ဝင်နေအောင် အေးစက်ခြင်းတစ်ခု ခံစားလိုက်ရသည်။

မျက်လုံးများ စုံမှိတ်ထားသော်လည်း မြင်ကွင်းတစ်ချို့ကို မြင်လာရသည်။ မြင်ရသည်ဆိုတာထက် ကိုယ်တိုင်ပါဝင်ခံစားလာရသလို ။

မြင်နေရတာက သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ။

မှောင်မိုက်နေသော တောအုပ်အတွင်း တိုက်ပွဲ တစ်ခု ဖြစ်ပွားနေသည်။ Werewolf များနှင့် စုန်းကဝေများ တစ်ဖက်နှင့် တစ်ဖက် အသေအကြေ တိုက်ခိုက်နေကြသည်။ ထို့အတူ တစ်ချို့လည်း အတုံးအရုံးလဲကျ သေဆုံးနေကြသည်။

ထို့နောက် ထို့နောက် မီးလျှံက ရှိုင်းကို ကြည့်နေသည်။ ရှိုင်းရဲ့ လက်မောင်းနှစ်ဖက်ကိုလည်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ နာကျင်မှုက လက်မောင်းထက်မှ မဟုတ်။ နှလုံးသားတစ်နေရာက။

''ချာတိတ်.. မင်းသေချင်နေတာလား.. ငါပြောတာကို ဘာလို့လက်မခံရတာလဲ.. ''

နာကျည်းမှုများ၊ ဒေါသများ၊ ဝမ်းနည်းမှုများအပြင် ရှိုင်း နားလည်နိုင်ခြင်းမရှိသော ခံစားချက်များရောပြွန်းနေတဲ့ မီးလျှံရဲ့ အကြည့်နှင့် စကားသံများ။ ရှိုင်း ခေါင်းမာစွာဖြင့် မီးလျှံ စကားကို လက်မခံဘဲ ခေါင်းမာမိသည်ထင်သည်။

ထို့နောက်၊ ထို့နောက် အဖြစ်အပျက်တစ်ခုရဲ့ မြင်ကွင်းများက တစ်ခုချင်းဆီ ကွင်းကွင်းကွက်ကွက် မြင်လာရသည်။

သြဂတ်စ်၏ မားကပ်စ်လက်ချက်ကြောင့် ထိခိုက်သွားခြင်း၊ Werewolf များ စုန်းကဝေများလက်ချက်ဖြင့် လဲကျ အသက်ဆုံးကြခြင်း။

''မီးလျှံ.. မင်းက ငါ့ကို ဒီလို အခြေအနေထိရောက်အောင် တွန်းအားပေးလာတယ်ဆိုတော့လည်း ငါက ငါပြောထားတဲ့အတိိုင်းး လုပ်ရတော့မှာပေါ့.. စိတ်မကောင်းပါဘူး..''

Star Love (II)Where stories live. Discover now