Chapter (8)

14.3K 1.5K 54
                                    

Background Music - Strawberries and Cigarettes by Troye Sivan

***************************************************************************************

Unicode

***********

မျက်နှာတည့်တည်ပေါ်ကို ကျလာသော ခပ်စူးစူးနေရောင်ခြည်ကြောင့် မျက်လုံးများကို မှိတ်ထားရာမှ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။ Sunlight တိုက်ရိုက်ရသော Plastic အမိုးများကို သုံးပြီး ဆောက်လုပ်ထားတဲ့ နေအိမ်ဖြစ်တာကြောင့် နေရောင်က မှိတ်ထားသော မျက်ခွံတွေပေါ်ကို ကျရောက်နေသည်။ ပမာဏတော်တော်ကြီးကို များနေပြီး ဆက်မှိတ်ထားလို့မရတော့သဖြင့် မျက်လုံးများကို ဖွင့်လိုက်ဖို့ ကြိုးစားလိုက်မိသည်။

သို့သော် မျက်ခွံတွေက ဖွင့်မရအောင် လေးလံနေသည့်အပြင် မိမိရဲ့ဦးခေါင်းတစ်ခုလုံးလည်း မူးနောက်နေသည်ကို သတိထားလိုက်မိလေသည်။

''အား ကျွတ်.. ကျွတ်.. ကျွတ်..''

မနက်အိပ်ရာ နိုးနိုးလာချင်းမှာ ခံစားလာရတဲ့ ဝေဒနာတွေက အစုလိုက် အပြုံလိုက်မို့ အံ့သြသွားမိသည်။ မျက်ခွံတွေ လေးနေသည်၊ မိမိရဲ့ခေါင်းသည်လည်း ကျောက်တုံးကြီးနဲ့ ဖိထားခံရသလို လေးလံနေကာ ထုရိုက်ခံထားရသလို ကျင်နေသည်၊ ရင်ဘတ်ကလည်း ဟာတာတာဖြစ်နေကာ ကတုန်ကယင်ဖြစ်နေသည်။ လူတစ်ကိုယ်လုံးက လုံးဝအားမရှိတော့သလို နွမ်းချိလျက်ရှိနေတာ။

လေးလံနေသော မျက်လုံးများကို အားယူကာ ဖွင့်လိုက်သည်။ ထုရိုက်ခြင်း ခံထားရသလို ကိုက်ခဲနာကျင်နေသော ခေါင်းကို မနည်းမကာ ကုတင်ပေါ်တွင် နောက်မှီထိုင်ဖို့ ကြိုးစားလိုက်မိသည်။

''ကျွတ်.. ကျွတ်.. ''

မိမိဦးခေါင်းကို ကိုင်ပြီးတော့ ဒုတိယအကြိမ်ညည်းညူလိုက်မိသည်။ ထို့နောက် မနေ့ညက ဘာတွေ လုပ်မိခဲ့ပါလိမ့်ဆိုပြီး စဉ်းစားကြည့်လိုက်မိသည်။ ခေါင်းက မူးနောက်နေသေးသဖြင့် အမြင်အာရုံတွေပါ မသဲကွဲသည့်အပြင် မှတ်ဉာဏ်တွေကလည်း မသေချာ မရေရာ။

မနေ့ညက ရှိုင်းအမေရဲ့နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် ရှိုင်းရဲ့အဖေက နိကိုလပ်စ်က အိမ်တွင် ဆုတောင်းပွဲလုပ်ပေးသည်။ ရှိုင်းက အရင်တုန်းက ရှိုင်းနှင့် မိခင်ဖြစ်သူတို့ အတူနေခဲ့သည့် နေရာတွင် ဆုတောင်းပွဲလုပ်ပေးချင်သည်ဟု တောင်းဆိုမိသဖြင့် နိကိုလပ်စ်ပါ သြဂတ်စ်ကိုပါ ခေါ်ကာစစ်ကူတောင်းပြီး ရှိုင်းကို အပြင်ထွက်ခွင့် ပိတ်ပင်သည်။ ဒါကြောင့် ရှိုင်းရဲ့ဆွဲသီးလေးနှစ်ခုပါသည့် ဆွဲကြိုးကို ခိုးကာ အပြင်ကိုရအောင် ထွက်ခဲ့မိသည်။

Star Love (II)Where stories live. Discover now