Unicode
****************
ခြံဝကို ပြေးလာတဲ့ သြဂတ်စ်ရဲ့ခြေထောက်တွေဟာ မြေကြီးကိုပင် ထိနေသည်လို့မထင်ရ။ နိကိုလပ်စ်ရဲ့ ခြံဝသို့ရောက်သွားချိန်တွင် ရပ်ထားသော Lexus ကား ဆင်စွယ်ရောင်ကြီးကို မှီတွယ်ကာ ရပ်နေသည့် သတ်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက ကြေးနီရောင် အသားအရေနှင့် ခါးထိရှည်သော နီညိုရောင် လှိုင်းတွန့်ဆံပင်ရှည်တွေကို ဒီအတိုင်း ချထားသည်။ Skinny Jean ဘောင်းဘီနှင့် အရောင်တောက်တောက် Blouse ကို ဝတ်ဆင်ထားပြီး လေးလက််မ Pencil Heel ကြီးကို စီးထားသည်။ ပင်ကို အရပ်ရှည်သော ထိုအမျိုးသမီးက Pencil Heel ကိုပါ စီးထားသဖြင့် သြဂတ်စ်နှင့်ပင် အရပ်က ပုခုံးချင်းယှဉ်လို့ရသည်။ မသိရင် အရမ်းကို ဖက်ရှင်ကျလွန်းလှသော အဆင့်အတန့်မြင့်မြင့် အမျိုးသမီးတစ်ယောက်ပုံစံအပြည့်။
မော်ဒယ်တစ်ယောက် ပို့စ်ပေးနေသော ပုံစံမျိုးဖြင့် သူစီးလာသော ကားကြီးကို လက်ပိုက်လျက်မှီကာ အေးအေးဆေးဆေးပင် ရပ်စောင့်နေသည်။ ခြံထဲကနေ အသက်ထွက်မတတ်ပြေးလာသော သြဂတ်စ်ကို မြင်တော့ ဝတ်ထားသော Sunglasses ကို ဟန်ပါပါချွတ်ကာ နှဖူးပေါ်ကို ပင့်တင်လိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။
ထို့နောက် သြဂတ်စ် ခြံဝကို ထွက်လိုက်သည်နှင့် သြဂတ်စ်အနားကို ရောက်လာကာ သြဂတ်စ်ကို လာဖက်ပြီးတော့ နှုတ်ဆက်သည်။ သြဂတ်စ် တွန့်ခနဲဖြစ်သွားသော်လည်း ပြန်လည် မနှုတ်ဆက်လို့မကောင်းတဲ့ လူဖြစ်နေသည့်အတွက် ပြန်လည်ဖက်ကာ နှုတ်ဆက်လိုက်ရသည်။
''ငါ့တူကြီး ကြည့်ပါဦး မတွေ့ရတာကြာတော့ အိုစာသွားလိုက်တာ.. အခုထိ Lovelorn ( အချစ်ရေးကံမကောင်းတဲ့လူ ) ကြီးဖြစ်နေတုန်းလား..''
မြင်တာနှင့် လူကိုလာဖက်ပြီး ပုခုံးကို တဖြန်းဖြန်းပုတ်ရင်း ပြောလာသော နှုတ်ဆက်စကားကြောင့် သြဂတ်စ် မျက်နှာမည်းခနဲဖြစ်သွားမှာ သေချာပါသည်။ သြဂတ်စ် ထက် သုံးနှစ်ကြီးများတောင် ကြီးသော သြဂတ်စ်ရဲ့အဒေါ် က မြင်မြင်ချင်း တူဖြစ်သူ သြဂတ်စ်ကို နှုတ်ဆက်သည်လား နှိပ်ကွပ်သည်လားပင် မသိတော့။ ဖြစ်နိုင်ရင် ဂျူလီယန်ရှိနေရာနေရာကို မာရာကို မလာစေချင်ပါ။ သြဂတ်စ်နှင့် ဂျူလီယန်ကို တွဲမတွေ့စေချင်ပါ။

YOU ARE READING
Star Love (II)
FantasyTitle - Star Love : The Unchanged Love A true love that comes from the heart can't be destroyed. You may not remember me but your heart does . Believe in your heart and find your love . I will be with you until you remember. Because you are the on...