Unicode
*************
Pls Read the author's note at the end of the chapter .
ညက သန်းခေါင်ယံကိုပင်ကျော်ကာ ညတစ်နာရီပင်ထိုးနေပြီ။
ရှိုင်းသည် အခုအချိန်ထိ အလုပ်တွင်ပင်ရှိနေသေးသည်။ ဒီနေ့ညသည် သောကြာနေ့ညလည်းဖြစ် မီးထွန်းပွဲတော် နောက်ဆုံးရက်လည်းဖြစ်သည်။ ထို့ကြောင့် ရှိုင်းအလုပ်လုပ်သော ဆိုင်တွင် ညနေဘက်မှစကာ ဆိုင်ပိတ်ချိန်အထိ တောက်လျှောက် လူတွေ အများကြီး လာကြလေသည်။
ရှိုင်းက ဘားကောင်တာတွင် အရက်စပ်ပေးသော Bartender အဖြစ် လုပ်ကိုင်နေတာဖြစ်သည်။ အချိန်ပိုင်းအလုပ်သမားဖြစ်သော်ငြား ဒီနေ့ညက ပွဲတော်ရက်ဖြစ်သဖြင့် ဘားမှာလည်း လူတွေ များနေသည်။ ထို့ကြောင့် တစ်ချက်မှာကိုမနားရဘဲ တရစပ်ကို အရက်စပ်ပေးလိုက် ဘီယာထည့်ပေးလိုက်နှင့် အလုပ်ရှုပ်နေသည်။ ဒီလိုနေ့မျိုးတွင် သဘောကောင်းသော ရှိုင်းတို့ရဲ့ သူဌေးက အပိုမုန့်ဖိုးတွေလည်း အများကြီးပေးသဖြင့် ရှိုင်းက ကြိုးစားပမ်းစားကို လုပ်ပေးနေတာဖြစ်သည်။
သက်တော်စောင့်ဖြစ်သော ဂျူလီယန်ကလည်း စိတ်ရှည်လက်ရှည်ပင် ဘားကောင်တာနောက်က ကြမ်းပြင်တွင် ထိုင်ကာ စောင့်နေသည်။ ဂျူလီယန်ကြောင့် ရှိုင်း အနည်းငယ်တော့ နေရခက်ရသော်ငြား သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက်လို့ပင် သဘောထားလိုက်သောကြောင့် စိတ်ထဲနည်းနည်းတော့ သက်တောင့်သက်သာ ရှိသွားရပါသည်။ အနည်းဆုံးတော့ သူငယ်ချင်းတွေလို မင်းနဲ့ငါဟု သုံးလာပြီဖြစ်သဖြင့် အရမ်းကြီးနေရမခက်တော့သည့်အပြင် ခင်ပင်ခင်လာမိတာဖြစ်သည်။
ရှိုင်းက အိမ်ပြန်နောက်ကျနေပြီဖြစ်သော တခြားအလုပ်သမားတွေကို ပြန်ခိုင်းလိုက်ပြီး တစ်ယောက်တည်း သန့်ရှင်းရေးလုပ်နေသည်။ သူဌေးကလည်း ရှိုင်းကို ဆိုင်သော့အပ်ကာ စိတ်ချလက်ချ ပြန်သွားပြီဖြစ်သည်။ ခပ်မှောင်မှောင် Light Bulb လေးတွေသာ ထွန်းထားသော ဆိုင်တွင် ရှိုင်းနှင့် ဂျူလီယန်နှစ်ယောက်တည်းသာ ရှိတော့သည်။
ဆိုင်သိမ်း၊ တစ်ဆိုင်လုံးကို သန့်ရှင်းရေးလုပ်ပြီးတော့ ညတစ်နာရီကို တော်တော်ကျော်နေပြီဖြစ်သည်။ ဂျူလီယန်သည်ပင် ဘားကောင်တာကြမ်းပြင်ပေါ်တွင်ပင် ခုံတွေကိိုမှီကာ အိပ်ငိုက်နေလေပြီ။ ဂျူလီယန် လာကူလုပ်ပေးတာကိုလည်း ရှိုင်းလက်မခံခဲ့ဖူးလေ ။

YOU ARE READING
Star Love (II)
FantasyTitle - Star Love : The Unchanged Love A true love that comes from the heart can't be destroyed. You may not remember me but your heart does . Believe in your heart and find your love . I will be with you until you remember. Because you are the on...