Unicode
**************
Note – There's an author note at the end of this chapter.
မီးလျှံရဲ့မျက်နှာကို အရှိန်ပြင်းစွာ ကျရောက်လာတဲ့ သြဂတ်စ်ရဲ့လက်သီးချက်ကြောင့် မီးလျှံရဲ့ခန္ဓာကိုယ် ယိုင်ထွက်သွားလေသည်။
ရုတ်တရတ်ကြီး လာတိုက်ခိုက်သော သြဂတ်စ်ကြောင့် မီးလျှံ ဒေါသထောင်းခနဲထွက်သွားခဲ့သည်။ သိုသော် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တဲ့ ကြယ်ကလေး ထိတ်လန့်နေပြီဆိုတာ သိလိုက်သဖြင့် ဒေါသတွေကို အလျင်အမြန်ထိန်းချုပ်ရသည်။
''ပါးပါး.. မလုပ်ပါနဲ့..''
သြဂတ်စ်ရဲ့နောက်တွင် ရောက်သွားရရှာသော ရှိုင်းမှာ သြဂတ်စ်ရဲ့အနောက်ကနေ ကမန်းကတန်းပင် သြဂတ်စ်နှင့် မီးလျှံတို့ကြားကို ဝင်လာသည်။ ထို့နောက်မီးလျှံရဲ့ရှေ့တွင် ပိတ်ရပ်လိုက်ရင်း သြဂတ်စ်နှင့် မျက်နှာချင်းဆိုင်လိုက်ကာ ကမန်းကတန်း ရှင်းချက်ထုတ်ရှာသည်။
''ပါပါး.. ဒီလူကြီးက ကျွန်တော့်ကို ကယ်ခဲ့တာပါ.. တစ်လွဲမထင်ပါနဲ့.. စောစောကလည်း ကျွန်တော်ကစခဲ့တာပါ.''
သြဂတ်စ် လေဟာနယ်ထဲကို ပြုတ်ကျသွားသလို လှပ်ခနဲ ဖြစ်သွားမိသည်။ ရှိုင်းရဲ့ပုံစံသည် ဟိုအရင်တုန်းက သြဂတ်စ်ထံမှ မီးလျှံကို ကာကွယ်ပေးနေတဲ့ ပုံစံလေးမျိုး။ နည်းနည်းလေးမှမပြောင်းလဲ။
မီးလျှံဆိုတဲ့ ဖြစ်တည်မှုတစ်ခု မှတ်ဉာဏ်ထဲက ပျောက်ကွယ်သွားတာတောင် အခု တွေ့တွေ့ချင်းမှာတင် သြဂတ်စ်က နောက်မှာ ကျန်ခဲ့ရပြန်ပြီ။ မဟုတ်ပါ ။ အမြဲတမ်း သြဂတ်စ်က ရှိုင်းရဲ့ရင်ထဲမှာ မီးလျှံနှင့် ထပ်တူညီသောနေရာ ရခဲ့သူမဟုတ်။ အခုလည်း မီးလျှံနဲ့ယှဉ်လျှင် နောက်ကောက်ကျန်ခဲ့ရပြန်ပြီ။.
နိကိုလပ်စ်ကလည်း ချက်ချင်းအနားကိုရောက်လာပြီး ရှိုင်းရဲ့လက်ကိုဆွဲကာခေါ်လိုက်ရင်း သြဂတ်စ်ကိုပါ မျက်နှာရိပ် မျက်နှာကဲဖြင့် အချက်ပြရသည်။
''သားလေးကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်''
နိကိုလပ်စ်က အခုမှပထမဆုံး စသိတဲ့ သဘောဖြင့် မီးလျှံကို ကျေးဇူးတင်စကားဆိိုလာသည်။ ထို့နောက် သြဂတ်စ်ကို သေချာစိုက်ကြည့်ကာ ပြောလိုက်သည်။

YOU ARE READING
Star Love (II)
FantasyTitle - Star Love : The Unchanged Love A true love that comes from the heart can't be destroyed. You may not remember me but your heart does . Believe in your heart and find your love . I will be with you until you remember. Because you are the on...