Chapter (6)

14.1K 1.6K 48
                                    

Unicode

**********

''ဒေါက် ဒေါက် ဒေါက်''

အဆက်မပြတ် ပေါ်ထွက်လာတဲ့ တံခါးခေါက်သံကြောင့် သြဂတ်စ် အခန်းတံခါးကို ဖွင့်လိုက်သည်။ သြဂတ်စ်၏ အခန်းဝတွင် ရပ်နေသော ဂျူလီယန်ကိုတွေ့လိုက်ရသည်။

ဂျူလီယန်က မျက်မှောင်လေးကုတ်လျက် အခန်းဝတွင် ရှူတည်တည်ဖြင့် သြဂတ်စ်ကို ကြည့်နေသည်။

သြဂတ်စ် တစ်ကိုယ်လုံး ဓာတ်လိုက်သလို တုန်ယင်သွားမိသည်။ ဒီဆံနီလေးကို ရင်မဆိုင်ရဲလို့ နိကိုလပ်စ်ရဲ့အိမ်မှာတောင် မနေတော့ဘဲ ကိုယ့်ဘာသာကိုယ် အပြင်မှာ သက်သက်လာနေမိတာ။ ဒါကို အိမ်တံခါးဝထိ ဆိုက်ဆိုက်မြိုက်မြိုက်ကို အရောက် ပေါ်လာသေးသည်။

သြဂတ်စ် တစ်ယောက် လှုပ်ရှားနေသော စိတ်၊ တုန်ရင်နေသော ရင်ဘတ်အစုံကို လျစ်လျူလိုက်သည်။ ထို့နောက် မိမိကိုယ်ကို ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်အောင် ကြိုးစားကာ သတိဆွဲပြီး မေးလိုက်ရသည်။

''ဘာလာလုပ်တာလဲ..''

''ခင်ဗျားကိုု သခင် နိကိုလပ်စ်က ခေါ်ခိုင်းလိုက်လို့.. ''

ရိုးရာမပျက် မျက်မှောင်ကို တင်းနေအောင် ကျုံ့ကာ ဂျစ်ကန်ကန်ဒီဇိုင်းဖြင့် ဂျူလီယန်က သြဂတ်စ်ကို မော့ကြည့်ကာ ပြန်ပြောလေသည်။

''ဘာကိစ္စရှိလို့လဲ..''

''မသိဘူး.. ရှိုင်း နဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ထင်တာဘဲ..''

ရှိုင်းနှင့် ပတ်သက်နေတယ်ဆိုတာကြောင့် သြဂတ်စ် စိတ်ပူသွားမိသည်။ မနေ့ညက မီးလျှံနဲ့ ပြဿနာဖြစ်ပြီး နောက်ပိုင်း သြဂတ်စ်အပေါ် ပြုမူခဲ့တဲ့ ရှိုင်းရဲ့အပြုအမူတွေရယ်ကြောင့် သြဂတ်စ် တော်တော်လေး စိတ်ထိခိုက်ခဲ့ရတာရယ်၊ နောက်တစ်ခုက နိကိုလပ်စ် အိိမ်တွင်ရှိနေသော ဂျူလီယန်ကို ရင်မဆိုင်ရဲတာရယ်ကြောင့် သြဂတ်စ် အပြင်မှာ သက်သက်လာနေမိခြင်းပင် ဖြစ်သည်။ သြဂတ်စ်အတွက်ကတော့ နှစ်ပေါင်းများစွာ အချစ်ဆိုတာ ရှိုင်းတစ်ယောက်တည်းဟု သတ်မှတ်လာခဲ့တာ။ ထိုအချိန်တွင် ရုတ်တရတ် မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့တဲ့ ဂျစ်ကန်ကန် ထောင့်မကျိုးသည့် မိမိရဲ့ Luna ကိုတွေ့တိုင်း ဖြစ်ပေါ်လာမယ့် ခံစားချက်တွေ တုန်လှုပ်မှုတွေကို ကြိုတင်သိနေသဖြင့် ရင်မဆိုင်ရဲဖြစ်နေသည်မှာ အဆန်းမဟုတ်။

Star Love (II)Where stories live. Discover now