Unicode
*************
ဝေ၀ါးနေသော အသိစိတ်က တဖြေးဖြေးနှင့် စုစည်းကာ သတိပြန်ရလာသည်။ မျက်လုံးများကို အားယူကာ ဖြေးဖြေးချင်း ဖွင့်ဖို့ ကြိုးစားမိသည်။ မည်းမှောင်နေတဲ့ အမြင်အာရုံက တဖြေးဖြေးနှင့် ကြည့်လင်လာသည်။
ဂျူလီယန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင် မျက်စိရှေ့တွင် ကျောက်ခုံကြီးတစ်ခု တွေ့လိုက်ရသည်။ ထိုကျောက်ခုံကြီးတွင် အက်ကွဲရာတစ်ခုကိုပါ မြင်လိုက်ရသည်။ ထို့နောက် မိမိကို ဖန်သားဖြစ်ဟန်တူသော နံရံတွင် လက်နှစ်ဖက်ကို မြောက်လျက် ကြိုးများဖြင့် ကပ်ချည်ထားသည်ကို သတိထားမိလိုက်သည်။ ဂျူလီယန်၏ အောက်ဖက်တွင်မူ သစ်သားရေကန်တစ်ခု။ ထိုသစ်သားရေကန်ထဲတွင် ရေများ အပြည့်ရှိနေသည်။
မည်သည့်အရာ၊ မည်သည့်နေရာတွင် ရောက်နေသည်ဆိုတာကို ဂျူလီယန်သိလိုက်သည်။
မားကပ်စ်နှင့် စုန်းကဝေများ၏ နေရာ။ မြောက်မြားစွာသော ကြယ်လေးတွေကို ယဇ်ပူဇော်ကာ ကြယ်စွမ်းအင်တွေ လွှဲပြောင်းယူခဲ့သည့်နေရာ။ မားကပ်စ်တို့၏ သချိုင်းဂူဆိုတာကို ဂျူလီယန်သိလိုက်သည်။
နံရံများတွင် အပြာရောင်မီးတောက်များကလည်း အစီအရီထွန်းညှိထားလျက်ရှိသည်။ မိမိရှိနေသည့် ကျောက်ခုံကြီး အရှေ့တွင် အနက်ရောင်ဝတ်ရုံများကို ခေါင်းထိလုံအောင် ခြုံထားသည့် စုန်းကဝေများ မတ်တပ်ရပ်နေသည်။ ထိုစုန်းကဝေများထဲမှ ခါးတွင် ဆင်စွယ်လက်ကိုင်ဖြင့် ပြုလုပ်ထားသည့် ငွေရောင်ဓားမြောင်ကို ချိတ်ဆွဲထားသည့် စုန်းကဝေကို ထင်ရှားစွာ မြင်နေရသည်။ ထိုသူ၏ မျက်လုံးသူငယ်အိမ်တစ်ခုလုံးသည် အနက်ရောင် အပြည့်ဖြစ်နေသည်ကိုပါ တွေ့လိုက်ရသည်။
ထို့အပြင် ထိုစုန်းကဝေများနှင့် အတူ ခန္ဓာကိုယ်ထွားကျိုင်းလှသည့် လူများပါ ရောနှော ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုအထဲမှ ပြောင်းဖူးမွှေးဆံပင်ကောက်များနှင့် ကြမ်းတမ်းလွန်းသော အသွင်အပြင်ရှိသည့် လူတစ်ယောက်က ဂျူလီယန့်ကို စူးစူးရဲရဲ ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
YOU ARE READING
Star Love (II)
FantasyTitle - Star Love : The Unchanged Love A true love that comes from the heart can't be destroyed. You may not remember me but your heart does . Believe in your heart and find your love . I will be with you until you remember. Because you are the on...