Chapter ( 22 )

10.7K 1.4K 71
                                    

Unicode

***************

ခေတ်အဆက်ဆက်မှ Alpha နှင့် Luna များ အတူတကွ လဲလျောင်းအိပ်စက်ရသည့်နေရာ ။ သေသပ်စွာ စီတန်းမြှုပ်နှံထားသည့် Gravestone များကြားတွင် ဂျူလီယန် ငုတ်တုတ်ထိုင်နေမိသည်။

August ၏ ပိုင်ဆိုင်မှုများထဲတွင် အခုလက်ရှိ ဂျူလီယန်ထိုင်နေသည့် နေရာကို အနှစ်သက်ဆုံးဖြစ်သည်။

မိုးငွေ့များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းနေခြင်းသည်။ Gravestone များအောက်တွင် Alpha နှင့် Luna များသည် တစ်ဦးကို တစ်ဦး အဖော်ပြုရင်း လဲလျောင်းနေကြသည်။

အဘယ်မျှ လှပသော နေရာတစ်ခုဖြစ်နေပါသနည်း။

ထိုလှပမှုများကို တစ်ယောက်တည်း ကြည့်ရှူ့ခံစားနေရသည် ဂျူလီယန် အဘယ်မျှ ကံကောင်းလွန်းပါသနည်းဟု ကိုယ့်ကိုယ်ကို တွေးကြည့်လိုက်မိကာ ပြုံးလိုက်မိသည်။

''ငါ ရှိုင်းကို ရှာလို့တွေ့တာနဲ့ ပြန်လာခဲ့မယ် .. မင်းငါ့ကို စောင့်နေပါ.. ''

ဂျူလီယန်ကို စိတ်ပူဟန်ဖြင့် တကြည့်ကြည့် ကြည့်ကာ ထွက်ခွာသွားသော သြဂတ်စ်၏ ပုံရိပ်ကို မြင်ယောင်လာမိသည်။

တစ်ဆက်တည်းမှာပင် သြဂတ်စ်ကို ချုပ်နှောင်လိုက်မိသလို ဖြစ်သွားသည့် မိမိကိုယ်မိမိအပြစ်ရှိသလို ခံစားလိုက်မိသည်။ ဂျူလီယန် ကိုယ့်ကိုယ်ကို အားငယ်မိပါသည်။ ဂျူလီယန်သာ မရှိခဲ့ရင် သြဂတ်စ် အခုအချိန်ဆိုရင် သူချစ်သော ရှိုင်းကို လွတ်လပ်စွာ ချစ်ခွင့်ရနိုင်နေဦးမည်။

အခုတော့ ။

ဂျူလီယန် သက်ပြင်းချလိုက်မိသည်။

အခုလောလောဆယ် စောင့်နေဆိုသော နေရာတွင် တာဝန်ကျေစွာ စောင့်နေပါမည်။ သူကာကွယ်ချင်သော အရာကိုလည်း ဂျူလီယန်ကာကွယ်ပေးနေပါဦးမည်။

ညနေစောင်းအချိန်မှ မှောင်မိုက်သော ညအချိန်ကို တစ်စ တစ်စပြောင်းလဲလာပြီး မိုးငွေ့များအစား မြူအုပ်ကြီးများက နေရာယူလာခဲ့သည်။ မြူတွေ အရမ်းနေရာယူလာသဖြင့် အုတ်ဂူများ တစ်နေရာနှင့် တစ်နေရာကြားကိုပင် သေချာ မမြင်ရနိုင်တော့ပေ။

Star Love (II)Where stories live. Discover now