Chapter (15)

11.5K 1.5K 36
                                    

Unicode

***********

မာရာနှင့် ဂျူလီယန်တို့ ခြံနောက်ဘက်ကနေပြီးတော့ လျင်မြန်စွာ ထွက်ခွာ ပျောက်ကွယ်သွားသည်။ ထို့နောက် သြဂတ်စ်သည် ခြံအရှေ့ဘက်မှ ဂိတ်ဝမှ တဆင့် Nebbia တောအုပ်ထဲကို ပြေးထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မိမိကိုယ်ကို ဝံပုလွေ အသွင်သို့ပြောင်းလိုက်သည်။

သို့သော်ငြား သြဂတ်စ် နောက်ကျလို့သွားလေပြီ။

လူးကပ်စ်ခေါင်းဆောင်သော လိုင်ခန်များက ကျယ်လောင်လာစွာ အူသံများ ကို ထုတ်လွှတ်ကာ သြဂတ်စ်ကို ပြေးပေါက်ပိတ်အောင် ၀ိုင်းထားလိုက်ကြလေသည်။

သြဂတ်စ် အသက်ကို ဝအောင် ရှူလိုက်ကာ တိုက်ခိုက်ဖို့ ပြင်ထားလိုက်သည်။

လိုင်ခန်များသည် Werewolf အမြူတေများမရှိသဖြင့် အခုလိို လပြည့်ညတိုင်းတွင် အရိုင်းစိတ်ဝင်ကာ မြင်မြင်သမျှ တစ်စစီဖြစ်သည်အထိ ကုတ်ဖဲ့ ဖျက်ဆီးတတ်ကြသဖြင့် သြဂတ်စ် အဆင်သင့်ပြင်ထားလိုက်ခြင်းဖြစ်သည်။

ထို့နောက် အရှေ့ဆုံးမှ လိုင်ခန်တစ်ကောင်က သြဂတ်စ်အနားကို ပြေးလာကာ သြဂတ်စ် လည်ပင်းကို ကိုက်ခဲဖို့ကြိုးစားလာလေတော့သည်။ လျင်မြန်လှသော သြဂတ်စ်ကလည်း ရှေ့ဆုံးမှ တိုက်ခိုက်လာသူကို ပြန်လည် ကိုက်ဖဲ့ပစ်လိုက်လေတော့သည်။ မျိုးရိုးနိမ့် Werewolf ဖြစ်သော လိုင်ခန်တစ်ယောက်ကို ခွန်အားကြီးကာ လျင်မြန်လှသော Alpha တစ်ယောက်ဖြစ်သည့် သြဂတ်စ်က အသာလေးပင် အနိုင်ယူနိုင်လေသည်။

သို့သော်ငြား နောက်ထပ် ပြေးလာကြသော လိုင်ခန်များက တစ်ယောက်ချင်းဆီမဟုတ်တော့ဘဲ အကုန်လုံး ၀ိုင်းကာ သြဂတ်စ်ကို ခုန်အုပ်ကြရင်း ကိုက်ဖဲဖို့ကြိုးစားကြသည်။ သြဂတ်စ်က ဘယ်လောက်ပင် အင်အားကြီးမားလျင်မြန်ကာ တိုက်ရည်ခိုက်ရည်သည်ဆိုစေကာမူ လိုင်ခန် ဆယ်ယောက်ခန့်ရဲ့အားကိုတော့ ယှဉ်ဖို့ဆိုတာ လွယ်ကူသော အရာမဟုတ်။

အချိန်တိုအတွင်းမှာပင် သြဂတ်စ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးတွင် ကုတ်ရာ ခြစ်ရာများဖြင့် ပြည့်နှက်ကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း အားအင်ကုန်ခမ်းလာလေသည်။ နောက်ဆုံးတော့ ဝံပုလွေ အသွင်ပုံစံနှင့် နေဖို့ပင် အားအင်တွေ မရှိတော့ဘဲ လူသားအသွင်သို့ပြန်လည်ရောက်ရှိသွားရလေသည်။

Star Love (II)Where stories live. Discover now