Epilogue

18K 1.5K 67
                                    

Unicode

*****************

Nebbia မြို့တွင် တစ်ခါတစ်ရံမျှသာ မြင်ရတတ်သည့် လင်းလက်သော နေရောင်ခြည် ။ ကြည်လင်သော ကောင်းကင်နှင့် သာယာသော ရာသီဥတု ။

အမြဲတစေ မိုးတိမ်များ ဖုံးအုပ်နေသည့် ကောင်းကင်နှင့် မှိုင်းညို့နေသော်ငြား ယနေ့တွင်မူ ထူးခြားစွာဖြင့် နေရောင်တို့ဖြင့် လင်းလက်နေလျက် သာယာလှပလျက်ရှိသည်။

Nebbia မြို့တော်ဝန် အိမ်တည်ရှိရာ ခြံကျယ်ကြီး။

ခမ်းနားကြီးကျယ်လှသော အိမ်ကြီး၏ ဝင်ပေါက်နေရာတွင် ရှိနေသော နက်မှောင်နေသည့် မာန်ဖီနေဟန် Werewolf ရုပ်ထု။

ထိုရုပ်ထုရှေ့တွင် အဖြူရောင် စင်တစ်ခု ။ အဖြူရောင်ပန်းများ အဖြူရောင် ပိတ်စများ ဖြင့် အလှဆင်ထားသည့် ပန်းတံခါးပေါက်တစ်ခု ။ ထို့နောက်မျက်နှာချင်းဆိုင် တစ်ဖက်တွင်လမ်း အဖြူရောင် လျှောက်လမ်းဖြင့် ဆက်သွယ်ထားသော ပန်းတံခါးပေါက်တစ်ခု ။

ထို့နောက် ထိုပန်းစင်နှင့် ပန်းတံခါးပေါက် ရှေ့တွင်ကား ကုလားထိုင်များကို အလယ်တွင် အဖြူရောင်လျှောက်လမ်းခြားထားလျက် နှစ်ဖက်ခွဲကာ ချထားသည်။ ထိုသို့ စနစ်တကျစီရီခင်းကျင်းထားသော ကုလားထိုင်များတွင် ထိုင်နေကြသော ပရိသတ်များ ။ ထိုသူများအားလုံးသည်လည်း အဖြူရောင် ဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားကြလျက်။ မျက်နှာတွင်လည်း အပြုံးများ ကိုယ်စီ ပန်ဆင်ထားကြလျက်။

ပန်းတံခါးပေါက်ရှေ့တွင် မာရာသည် အနက်ရောင် သားရေဖုံးစာအုပ်တစ်အုပ်ကို ကိုင်လျက် ပြုံးရင်း မတ်တပ်ရပ်လျက်ရှိသည်။ မာရာသည် အဖြူရောင် ကုတ်အကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သပ်ရပ်စွာ ထုုံးဖွဲ့ထားသည်။

ခပ်ပြုံးပြုံးရပ်လျက်ရှိသည့် မာရာသည် ကျေနပ်ခြင်းတွေလည်း အပြည့် ဆင်မြန်းထားသည်။

ထိုအချိန်တွင် ကြေငြာသံတစ်ခုကို ကြားလိုက်ရသည်။

အခမ်းအနားစတင်ပါတော့မယ် ပရိသတ်များအားလုံး မတ်တပ်ရပ်လျက် သတို့သားကို ကြိုဆိုပေးကြပါ

Star Love (II)Where stories live. Discover now