ခပ်မှန်မှန်လေး ကျနေသည့် မိုးစက်တို့က အမှောင်ထုကို
အကာအကွယ်ယူကာ ကမ္ဘာမြေစီလွှာကို ထိုးဖောက်ဝင်ရောက်ဖို့အသည်းအသန်ကြိုးစားနေသည်။
အေးမြသော လေနုအေးတစ်ချက်ဝေ့တိုက်သွားတာနှင့်
အမှောင်ထဲမှာ ရပ်နေသော သူတို့ တစ်ချက်ထွန့်ခနဲဖြစ်သည်။
ထီးမပါ အကာအကွယ်မပါပဲ ရပ်နေရသည်မှာ မီးနစ်နှစ်ဆယ်ခန့် ဖြစ်နေပေပြီ ၊
သိပ်မသည်းသော်လည်း ဖြေးဖြေးမှန်မှန်ရွာနေတဲ့မိုးက
အပေါ်ဝတ် ကုတ်တွေမှတစ်ဆင့် အတွင်းပိုင်းထိ စိုစွတ်လာနေပြီး ချမ်းအေးလာသော်လည်း သူတို့မလှုပ်ရဲ ၊
ကားနဲ့ အကာအဝေး အသံမကြားရလောက်ယုံမှာသာ
ရပ်နေကြပေမယ့် ၊ တစ်ခါတစ်ရံ ပျံ့လွင့်လာတဲ့ အကူအညီ
တောင်းခံသံက သနားစိတ်ကင်းမဲ့သော သူတို့ကို
လှောင်ရယ်စေတဲ့ ဟာသတစ်ပုဒ်နှယ်။နက်ပြာရောင်ပြောင်လက်နေသော ကားနှစ်စီး ရှေ့နောက်ရပ်ထားပေမယ့် ကားတစ်စီးမှာ လူမရှိမှန်းသိသာစွာ အမှောင်ချထားသည်။
ရှေ့က ကားပေါ်မှာတော့ ထိပ်လန့်ကြောက်ရွံနေသော
မိန်းမငယ်လေးသည် သူမ၏မလုံမခြုံဖြစ်နေသော အဝတ်တို့ကို ကြိုးစားဖုံးဖိနေရင်း လွတ်မြောက်ဖို့နည်းလမ်းရှာနေလေသည်။
သူမ လှုပ်ရှားလိုက်တိုင်း လိုက်လံကာကွယ်နေသော လူကြီးရဲ့ မျက်နှာက ပြုံးနေပေမယ့် အလိုရမ္မတ်တို့ ဖုံးလွှမ်း
့်နေသော မျက်ဝန်းများကတော့ ရွံရှာစရာကောင်းလှသည်။
သူ၏ပုံစံမှာ သားကောင်ကို မစားသေးခင် ကျီစယ် နေသည့်
ကျားတစ်ကောင်နှယ် ။ဝေါ !...........ကျွီ
ဟိုးအဝေးမှ အရှိန်ကုန်မောင်းနှင်လာသော ဆိုင်ကယ်က
သူတို့အနားအရောက်မှာ ကျွီခနဲမြည်အောင် ဘရိတ်နင်းပြီး
ရပ်လိုက်တာမို့ သူတို့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ဒီနေရာက ဟိုင်းဝေးလမ်းတစ်ခုပေါ် ဖြစ်သည်။
သူတို့ကားရပ်ထားသည့်နေရာက လမ်းကြားငယ်သေးသေးလေးတစ်ခုရဲ့မြတ်ရိုင်းပင်ရှည်ကြီးတွေနားမှာ။
လမ်းဆိုပေမယ့် လူသွားလမ်းမဟုတ်သလို ကားလမ်းလဲမဟုတ်ပါ ။
ကားတစ်စီးစာသာ ကျယ်ပြီး အနည်းငယ်မောင်းပြီးတာနဲ့
ရှေ့ဆက် လမ်းမရှိတော့ပေ ။ ဒီနေရာက တမင်ဝင်လာမှ
ရမည့်နေရာတစ်ခု ဖြစ်သည်။
ဒါ့ကြောင့် ဒီနေရာကို ရောက်လာသူသည် ဘယ်လိုနည်းနဲ့မှ
ရိုးသားသူမဟုတ်မှန်း သူတို့အားလုံးရိပ်မိသည်။