Ep.13

3.8K 260 10
                                    


" ကိုကို "

" ညီမ​လေး ဘာလိုချင်​လို့လဲ "

" ကိုကိုကို့ ဒီအချိန်​ထိ အဖြူဒုက္ခ​ပေး​နေရတုန်း​နော်​ ၊ တစ်​ခါတစ်​​လေကြရင်​ ကိုကိုပါ အဖြူ့အနားက​နေ ထွက်​သွားမှာကို "

" ဘာ​တွေ​ပြော​နေတာလဲ ညီမ​လေးရာ ၊ ကိုကိုက ဘာလို့ညီမ​လေးကို ထားသွားရမှာလဲ ၊ ပြီး​တော့ ညီမ​လေးဟာကိုကို့ညီမ​လေးဖြစ်​လာလို့ ကိုကိုပင်​ပန်းရလို့ဆိုပြီး ဘယ်​တုန်းကမှ မထင်​ဖူးဘူး ၊ ကိုကို့မှာ ညီမ​လေးတစ်​​ယောက်​တည်းရှိ​တာ ၊ ညီမ​လေးက ကိုကို့ရဲ့​မျှော့်​လင့်​ချက်​ ၊ညီမ​လေးက ကိုကို့ရဲ့ဘ၀ပဲ ၊ ကမ္ဘာ​ပေါ်မှာ ကိုကိုအချစ်​ဆုံးကလဲ ညီမ​လေးတစ်​​ယောက်​တည်းရှိတာ "


အရင့်​​ရောင်​ဆို​သော လူသားသည်​ တခြားသူ​တွေအ​ပေါ်မှာသာ ကြမ်းတမ်းချင်​ကြမ်းတမ်းမယ်​၊ ​ရိုင်းချင်​ရိုင်းမယ်​၊အဖြူ​ရောင်​​လေးအ​ပေါ်တွင်​​တော့ အနူးညံ့ဆုံး​သော၊ အချစ်​တတ်​ဆုံး​သော လူသားတစ်​​ယောက်​။
တစ်​ကမ္ဘာလုံးနဲ့ တိုက်​ခိုက်​ရမယ်​ဆိုရင်​​တောင်​မမှု​သော်​လည်း ညီမဖြစ်​သူရဲ့ မျက်​ရည်​တစ်​စက်​ကျမှာကို ​သေမ​လောက်​​ကြောက်​တတ်​သူပင်​ ။

မေ​နှောင်းတခါးကို အသံမမြည်​​အောင်​ပြန်​ပိတ်​​ပေးလိုက်​သည်​။


" ကိုကို "

" ​ပြော​လေ ညီမ​လေး "

" တစ်​ကယ်​လို့ ကိုကိုအရမ်းပင်​ပန်း​နေရင်​လဲ အဖြူ့ကို​ပြောပါ​နော်​ ၊ နာကျင်​ရင်​ပဲဖြစ်​ဖြစ်​ တစ်​​ယောက်​တည်းမခံစားပါနဲ့ ၊ ပြီး​တော့ အ​မေဆုံးတာ ကိုကို​ကြောင့်​မဟုတ်​တာမို့ ကိုယ့်​ကိုကိုယ်​အပြစ်​မတင်​ပါနဲ့ "

" ဟင်​ ...ညီမ​လေး ဒါ..."

" မမ​နှောင်း​ပြောပြလို့ ၊ အဖြူသိပြီးပါပြီ "

" ဘာ "

" အဖြူအတင်း​မေးလို့ပါ ၊ မမ​နှောင်းကိုအပြစ်​မတင်​ပါနဲ့ ၊ ပြီး​တော့ အဖြူ​ကြောင့်​ ကိုကိုမ​ပြောပဲ ဖုံးကွယ်​ထားမှန်းအဖြူသိပါတယ်​ ၊ ဒါ​ပေမယ့်​လည်း အဖြူသိသင့်​တယ်​မဟုတ်​လား ကိုကို "

စေတန်​ ရဲ့ နတ်​ဆိုးDonde viven las historias. Descúbrelo ahora