ရှေ့ကလမ်းပြ ခေါ်ဆောင်လာတဲ့ ဟိုတယ်ဝန်ထမ်းကောင်လေးက အခန်းတစ်ခုရှေ့ရပ်လိုက်ပြီး သူ့ကိုအရိုအသေပေးကာပြန်ထွက်သွားသည်။
ဒေါက် ဒေါက်....။
" ဝင်ခဲ့ "
အမှောင်ချထားပေမယ့် ထိန်လင်းနေတဲ့ အခန်းတစ်ခုလုံးက
ခန်းလုံးပြည့် ထွန်းညှိထားသော လျှပ်စစ်ဖယောင်းတုမီးများကြောင့် ဖြစ်မည်။
ထိုဖယောင်းတိုင်များအလည်မှ ကုတင်ပေါ်တွင် ဝိုင်ခွက်ကိုင်ထားသော သူမ ။
ဘာအဓိပ္ပါယ်နဲ့ ဆိုတာ သိလိုက်သည်နှင့် စေတန်မျက်နှာကွက်ခနဲ တစ်ချက်ပျက်သည်။
ဘဝမှာ ငွေဆိုသော အရာကြောင့် နောက်ထပ်မှားမိသောအမှားတစ်ခု ။
ထွက်လာသည့် ဒေါသတစ်ချို့ကို ပြန်မျိုချကာ သူမကိုမေးဆက်ပြလိုက်သည်။
ပိုက်ဆံရဲ့သားကောင်ဖြစ်နေသရွေ့ သူ့မှာရွေးချယ်စရာမှ
မရှိပဲ ၊ သူ့ဘဝကို သူမပိုင်သလို သူခံစားချက်တွေကိုလည်း
ဖွင့်ထုတ်ခွင့်မရှိတဲ့သူ ။ကာကီရောင်ပိုးပျော့ ညဝတ်စုံသည် သူမကိုယ်ထက်တွင်
ကပိုကရိုဖေးတင်နေသည် ။
မလုံတလုံဖြစ်နေသော အဝတ်အစားတို့က သူမရဲ့အလှတရားတစ်ချို့ကိုပင် တမင်မြင်အောင်လှစ်ဟာပြ
ထားသည့်နှယ် ။" ဝိုင် ကြိုက်လား "
မေးလဲမေး အဖြေကိုမစောင့်ပဲ ဖန်ခွက်တစ်ခုထဲ ဝိုင်ငှဲ့ထည့်လိုက်ပြီး သူ့ကိုကမ်းပေးလာသည်။
သူ့ဆီလျှောက်လှမ်းလာနေသော သူမကိုယ်ပေါ်မှ ညဝတ်စုံသည် တဖြေးဖြေး ကိုယ်မှ လျှောဆင်းနေပြီး သူမမျက်နှာထက်မှာတော့ ညှို့ငင်သော အပြုံးတို့က ပီပီပြင်ပြင်ပင်။
သူမ လှပါသည် ၊ ဒါပေမယ့် ရမ္မက်ဆန်သော အလှ ။
နက်မှောင်သော ပုတုန်းရောင်ဆံနွယ်ရှည်တွေနဲ့ မျက်ဝန်း
ဝိုင်းဝိုင်းလေးတွေက အာရုံထဲပေါ်လာသည် ။လက်ထဲရောက်လာသည့် ဝိုင်ခွက်ကို တစ်ချက်တည်းမော့ချလိုက်တော့ ခိုးခိုးခ်ခ်ရယ်သံလေးထွက်လာသည်။