TV ကြည့်နေတာလဲအဆင်မပြေ ၊ စိတ်ကတခြား လူကတခြား၊ နေမထိထိုင်မသာဖြစ်နေတာ ဘာကြောင့်မှန်းမသိ ။
" ရှင်းလေး ဘာဖြစ်နေတာလဲ ၊ အိမ်စာလုပ်စရာမရှိဘူးလား"
" မရှိဘူး မား "
" ဒါဆိုဘာဖြစ်နေတာလဲ ၊ channel ပြောင်းချင်လို့လား"
" သား အပြင်ခနသွားအုံးမယ် "
" ဟဲ့ ...ဒီအချိန်ကြီး ဘယ်တုန်း ၉နာရီကျော်နေပြီ "
" ခနလေးပဲ မား ...ဟိုဘက်လမ်းထဲသွားမလို့ "
မားကိုပြန်အော်ခဲ့ရင်း လင်းသန့်ကားပေါ်ပြေးတက်သည်။
သော်ဒီ့ကို မမြင်ရလျှင် သူဒီညအိပ်ပျော်တော့မည်မဟုတ်၊
သူ အဆင်မှပြေရဲ့လား ။📞 ဒီးး.. ...ဒီးး
"hallo "
" ငသော် ...ငါ .....မင်းဘာလို့ ငါ့ဖုန်းကိုမကိုင်တာလဲ ၊
မနေ့ကလဲ ကျောင်းမလာဘူး "" ဘားမှမဖြစ်ပါဘူး ...ငါ့အဖေ ဖုန်းသိမ်းထားလို့ "
" ဟင် "
" အင်း ....မင်းဘာဖြစ်လို့လဲ ၊ မရှင်းတဲ့စာ ရှိလို့လား "
" မင်းကို တွေ့ချင်လို့ "
သော်ဒီ ညိမ်ကျသွားသည်။
" လိုက်ကာ ဖယ်လိုက် "
" ဟင် "
" လိုက်ကာ ဖယ်လိုက်လို့ ၊ ငါမင်းအိမ်ရှေ့မှာ "
" ဘာ "
ဖျတ်ခနဲ လှုပ်ရှားသွားတဲ့ လိုက်ကာစလေးနောက်မှာ အရိပ်လေးပေါ်လာသည်။
အသားရောင် ဆွယ်တာလက်ရှည်လေးနဲ့ကာကီရောင်ဘောင်းဘီတိုလေး ၀တ်ထားသည့်ပုံရိပ်လေးသည် ရင်ထဲကစိုးရိမ်ပူပန်နေခြင်းကို ထက်ဝက်မျှလျော့ပါးသွားစေသည်။ကားဘောနတ်ပေါ် မတ်တပ်တက်ရပ်နေကာ လက်လှမ်းပြနေပါသော လင်းသန့်ရှင်း ၊ ဒီကောင် ဒီချိန်ကြီးဘာလာလုပ်တာလဲ ။