" မင်း ငါ့ကို ဘယ်လိုဖြေရှင်းချက်ပေးမှာလဲ သော်ဒီခန့် "
" မဟုတ်ဘူးမှလား ၊ မဟုတ်ဘူးလို့ပြောစမ်းပါ သားရယ်၊
အမေ့ကို ရင်ကျိုးအောင်မလုပ်ပါနဲ့ နော် ၊ ဒီစာတွေက သားရေးထားတာမဟုတ်ဘူးမှလား "" ကျနော် ရေးထားတာပါ ၊ ပြီးတော့ သူဘားမှမသိပါဘူး "
" သား "
" မင်း သူ့ကို သားလို့ခေါ်ဖို့တောင်မတန်ဘူး ၊ ရှက်ဖို့ကောင်းလိုက်တာကွာ ၊ ဦးမင်းသော်ရဲ့သားက အခြောက်ဆိုပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် မင်းငါ့ကိုအရှက်ခွဲလိုက်တာလား ဟမ် သော်ဒီခန့်.. ပြောစမ်း..."
" ကျနော် အဖေ့ကိုအရှက်ရအောင် ဘားမှမလုပ်ဖူးဘူး အဖေ ၊ ကျနော်လိင်တူစိတ်ဝင်စားပြီး ဂေးတစ်ယောက်ဖြစ်တာနဲ့ အရှက်ရ ရအောင် ကျနော် သူများသားသမီးစော်ကားဖျက်ဆီးနေတာမှမဟုတ်တာ "
" မင်းငါ့ကို ခံပတ်နေတာလား ၊ ဦးမင်းသော်က သူ့သားကို မဆိုဆုံးမနိုင်ဘူးလို့ ပတ်ဝန်းကျင်မှာ ငါအပြောမခံနိုင်ဘူး
ဟေ့ကောင် ....ဂုဏ်သိက္ခာရှိရှိ စည်းကမ်းတကျနေလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပတ်ဝန်းကျင်မှာ သိက္ခာအကျခံမယ့်အစား မင်းကိုပဲရိုက်သက်ပစ်မယ်ကွ ...
နားလည်လား .. မနက်ဖြန်ကစပြီး မင်းကျောင်းမသွားရဘူး ၊
အဲ့ကောင်နဲ့လဲမတွေ့ရဘူး "" ကျနော် ကျောင်းမသွားပဲ သူနဲ့မတွေ့ပဲ နေတာနဲ့ ၊ ကျနော့်ရဲ့ဖြစ်တည်မှုက ပြောင်းလဲသွားမှာမှ မဟုတ်ပဲ ၊ သက်ပစ်လိုက်လဲ အေးတာပဲ "
" အေး မပြောင်းလဲရင် ပြောင်းလဲလာအောင်လုပ်ပေးမယ် ၊
လူပုံအလည်မှာတော့ အရှက်ကွဲမခံဘူး ၊ မင်းကိုပဲ အသေသက်ပစ်မှာ ကဲ .."" အ "
" အဖေကြီး "
" မင်းဝင်မပါနဲ့ နုငယ် ၊ ဒီကောင်ဒီလိုဖြစ်လာတာ မင်းအပြစ်တွေအများကြီးပါတယ် ၊ ဒီကိစ္စပြီးမှ မင်းနဲ့ငါရှင်းမယ် "