" စေတန် မင်းကိုတွေ့ချင်တဲ့ ဧည့်သည်ရောက်နေတယ်"
" ငါမအားဘူးလို့ပြောလိုက် "
" ဟို ....မ ..မရဘူးထင်တယ် "
ကိုမျိုးရဲ့ ထစ်ထစ်ငေါ့ငေါ့စကားကြောင့် စေတန်အနောက်ကိုလှည့်ကြည့်လိုက်သည်။
အနောက်တိုင်း ဝတ်စုံပြည့်ဖြင့် ရပ်နေကြသော လူလေးယောက်။
သူမလိုက်ရင် အတင်းဆွဲခေါ်သွားတော့မယ့်ပုံစံတွေ ၊ ဘယ်သူဆိုတာ
သိလိုက်သလို သူမလိုက်ရင်မဖြစ်တာပါ သိလိုက်သည်။" သွားနှင့် လိုက်ခဲ့မယ် "
" မတွေ့တာကြာပြီနော် စေ "
" ခင်ဗျား ကျနော့်ကိုတွေ့ချင်တာ ဘာကိစ္စလဲ "
" အိုးဟိုး ဖြေးဖြေးပေါ့ ကောင်လေးရယ် "
ထိုလူရဲ့အပြုံးတွေကို မသတီဘူး ၊ အရက်ရှိန်ကြောင့် နီမြန်းမြန်းဖြစ်နေတဲ့ မျက်နှာက ဝသူမို့အဆီပြန်ကာဖောင်းအစ်နေတယ် ၊ မျက်လုံးတွေမှေးစင်းပြီး ကောက်ကျစ်တဲ့အပြုံးကို အမြဲလိုပြုံးတိုင်း သူရွံမိသည်။
အလျိုလျိုထွက်သွားကြသဖြင့် အခန်းထဲမှာ နှစ်ယောက်ထဲကျန်တော့မှ
သူ့အနားလာကပ်ထိုင်သဖြင့် ရင့်စိတ်ရှုတ်စွာ တစ်ဖက်တိုးပစ်လိုက်သည်။" ဘာလဲ .. မင်းတမင်ရှောင်နေမှန်းသိလို့ ..တို့ နားလည်ပေးထားတာနော် "
" ကျနော့်ကို ထိန်းချုပ်ပိုင်ခွင့်လဲ ခင်ဗျားမှာမရှိဘူး "
" သိပ်ဟုတ်တာပေါ့ ၊ တို့သိတယ်လေ ၊ ဒါ့ကြောင့်လဲ နီးစပ်ဖို့ကြိုးစားနေတာ ၊ တို့ မင်းကိုဘယ်လောက် လွမ်းနေလဲသိလား ၊ မင်းရဲ့အပြုအစုအယုအယ "
" ခင်ဗျား နောက်ထပ်ရွံစရာတွေ ဆက်ပြောနေမယ်ဆိုရင် ၊ ကျုပ်ထွက်သွားရလိမ့်မယ် "
" မင်းအတွက် ရွံစရာလို့ သက်မှတ်ပေမယ့် တို့အတွက်ကတော့
နတ်ဘုံနတ်နန်းရောက်ခဲ့ရတယ်လို့ ထင်ခဲ့တာ ၊ တို့အဲ့လိုခံစားမှုမျိုးနောက်ထပ်မရနိုင်တော့ဘူးလား ဟင် "