" မင်း ငါ့အနားကလူတွေကို ထိခွင့်မရှိဘူး "
" မင်းလိုကောင်က ငါ့ကိုအမိန့်ပေးနေတာလား ၊ ဒီကျောင်းမှာ
ငါ ဘယ်လိုလူဆိုတာမသိဘူးလား ၊ မင်းက ဘာကောင်မို့လို့ ..အ အား "" မင်းဘာကောင်ပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ၊
မင်းကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမှဂရုမစိုက်တာ ၊ မင်းရော
မင်းနောက်က background ကိုရော ၊ အေး ငါဘာကောင်လဲဆိုတာတော့ မင်းသိမှာပါ ၊ အဲ့တော့ နောက်တစ်ခါ
ငါ့အနားက လူတွေကိုမထိနဲ့ နောက်တစ်ခါဆို အခုလိုသတိပေးရုံပဲ မဟုတ်တာသေချာတယ် "အရိုးတွေကျိုးကြေမတတ် ဖြစ်ညှစ်ပြီးမှ ဆောင့်တွန်းခံလိုက်ရသဖြင့် သိန်းထွန်းနောက်ကို လဲကျသွားမလိုဖြစ်သွားသည်။
သူ့နောက်က နောက်ပါတွေ ဖမ်းထိန်းထား၍သာ ၊ နို့မို့ဆို
ဝိုင်းကြည့်နေသော လူအများကြားမှာ သူအရှက်ကွဲတော့မည်။
ထုံကျဉ်နေသည့်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သိန်းထွန်းမျက်နှာတစ်ခုလုံး ညိုမှောင်နေသည်။" မင်းကများ "
" ဘာလဲ ....ဒီနေရာမှာ ရန်ဖြစ်ချင်လို့လား ၊ ဖြစ်ချင်လဲ
ရတယ်နော် ငါကနေရာမရွေးဘူးလို့ပြောပြီးသား ၊ ဂရုစိုက်ရမယ့်သူလဲ မရှိဘူး "သိန်းထွန်း အံတကြိတ်ကြိတ်နဲ့ ဘားမှလဲမလုပ်နိုင်။
စေတန့်လိုကောင်ကို ယှဉ်ရမှာ မကြောက်ပေမယ့် ကျောင်းဝင်းထဲမှာ ရန်ဖြစ်လို့ကတော့ သူ့အဖေရဲ့လက်ချက်နဲ့တင်
သူအသက်ပြောက်မည်မှာ မလွဲ ။ သူ့အဖေက ဒီကျောင်းကို
အလှူငွေများစွာ ထည့်ဝင်ထားသည့်အပြင် ၊ ကျောင်းရဲ့ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည်မို့ ၊ သားဖြစ်သည့်သူ့ကို မျက်နှာပျက်အောင်မလုပ်ရန် တားမြစ်ထားသည်။
ဒါကို ဒီကောင်သိလို့ တမင်ခနဲ့နေတာ ။" ငါ မင်းကို မကျေဘူး စေတန် ၊ မင်းနဲ့ငါ
တွေ့ကြသေးတာပေါ့ "