Ep.15

7.5K 339 30
                                    




" နင်​တို့နှစ်​​ယောက်​က ဘယ်​သူက bottom လဲ "

" ဟာ ....ဘာ​တွေလာ​မေး​နေတာလဲ မလတ်​ရာ ...နင်​မိန်းခ​လေးဆိုတာလဲ သတိရအုံး "

" ဟဲ့ ..အဲ့ဒါ နင်​သတိ​ပေးစရာမလိုပါဘူး ၊ ငါ့ကိုယ်​ငါ ဘာဆိုတာသိတယ်​ ၊ နင်​သာ ငါ့​မောင်​ဖြစ်​ပြီး ညံ့လိုက်​တာလွန်​​ရော ၊ မှန်​မှန်​​ပြောစမ်း နင်​တို့ ခုထိမဘာရ​သေးဘူးမှတ်​လား ၊ နင်​​နော်​ ငါ့​မောင်​ဖြစ်​ပြီး ukeဆိုလို့က​တော့မလွယ်​ဘူး ၊ ဒါ​ပေမယ့်​ ပုံစံအရဆိုရင်​​တော့ ukeက ဒီ​လေးပဲဖြစ်​မယ်​ ၊ ​ပြောစမ်းပါ နင်​မစရဲတာမှတ်​လား "

" မလတ်​ "

လင်းသန့်​ရှင်း အကျယ်​ကြီးထ​အော်​ကာ အမဖြစ်​သူကို အခန်းထဲကအတင်းတွန်းထုတ်​​တော့သည်​ ။
ဘာ်​နှယ့်​ ခရီးသွားဖို့ဟာကို လူကိုရစ်​​နေတာမပြီးနိုင်​မစီးနိုင်​ ။
ပြီး​တော့ ​နောက်​ဆုံး ဒီဘူတာပဲ ပြန်​​ရောက်​​နေတာ ။
မကြာခန လာ​ချောင်းတတ်​တဲ့ သူမကို​ကြောက်​​နေရတာ​ကြောင့်​ ကိုယ့်​မှာ ဒီ့ အနား​တောင်​မကပ်​ရဲတာကြ မသိဘူး။

" သွားမှာသာ သွားစမ်းပါ မလတ်​ရာ ၊ ပါးပါးတို့​စောင့်​​နေတာကို "

" အဲ့ဒါ​ကြောင့်​မို့ အခွင့်​အ​ရေးကို လက်​လွှတ်​မခံဖို့​ပြော​နေတာ​ပေါ့ ၊ ပြီး​တော့ ဒီခရီးက ငါ ပါးပါးတို့ကိုပါ တမင်​​ခေါ်ပြီး​ရှောင်​​ပေးတာ​နော်​ ၊ နင်​ ဥဗုတ်​​စောင့်​တဲ့ ကျားလုပ်​မ​နေနဲ့ ၊
ပြန်​လာလို့မှ နင်​ခရီးမ​ပေါက်​​သေးလို့က​တော့ "

" သိပြီ ၊ ဒါပဲမှတ်​လား သွား​တော့ ...သွား "

" ​နေအုံး ..ရှိ​သေးတယ်​ ၊ ဟို....ရှင်း​လေး ..ဟီး..."

" ဘာဖြစ်​သွားရပြန်​တာလဲ ဒါက "

အမဖြစ်​သူ ​လေသံချိုလာပြီဆို ​ကြောက်​ရသည်​။
မဟုတ်​တာ ကြံစည်​​နေတယ်​ဆိုတာ အသိသာကြီး။

" မဟုတ်​ပါဘူး ၊ ဟို မလတ်​ပြန်​လာရင်​ ငါ့​မောင်​​လေးအတွက်​ လက်​​ဆောင်​​တွေဝယ်​ခဲ့မယ်​လို့ ၊ ပြီး​တော့မှာချင်​တာရှိရင်​လဲ မှာလို့ရတာ​ပြောမလို့ "

You've reached the end of published parts.

⏰ Last updated: Nov 18, 2018 ⏰

Add this story to your Library to get notified about new parts!

စေတန်​ ရဲ့ နတ်​ဆိုးWhere stories live. Discover now