" မထင်ထားဘူး တစ်ကျောင်းလုံးရဲ့ စံပြကျောင်းသားကြီးက ခြောက်နေတယ်ဆိုတာ ...hk "
" သိန်းထွန်း နင်ကဘာလဲ ...ဒီထိလာစော်ကားနေတာနင်လွန်နေပြီနော် "
" တိတ်စမ်း .....စော်ကားတာလား ဟား ဟား ..ငါအခုထိ ဒီကောင့်ကို လက်ဖျားနဲ့တောင်မထိရသေးပါလား hk ..၊
ဒီမှာ နင်တို့တွေ အရမ်းအထင်ကြီးနေတဲ့ ဒီကောင့်အကြောင်းအပြည့်အစုံသိပြီးပြီလား ၊ သူဘာကောင်လဲဆိုတာရော သိလား ...ဟမ် ၊ မသိရင်ပြမယ် "သိန်းထွန်းလက်ပြလိုက်တော့ သူနဲ့အတူပါလာတဲ့သုံးယောက်ထဲက တစ်ယောက်က လက်ထဲကဖုန်းနဲ့ ကျောင်းသားgpထဲvd.message တစ်ခုပို့လိုက်သည်။
" အဲ့မှာသေချာကြည့် ...ဒီကောင်ဘာကောင်လဲဆိုတာ ၊ ဟေ့ကောင် ...ဒါကို မင်းဝန်ခံသင့်တယ်မထင်ဘူးလား ..ဟမ် "
ရှေ့ရောက်လာသည့် ဖုန်းထဲမှ vd file သည်မသဲကွဲပေမယ့် သူဆိုတာအသေချာ ။
ရှက်ဒေါသတို့သည် ခန္ဓာကိုယ်အတွင်းမှ တရိပ်ရိပ်တိုးထွက်လာနေသည်။" ဘယ်လိုလဲ စေတန်ကြီး ဒေါသတွေထွက်နေပြီတူတယ် ဟ ဟ....."
" ယုတ်ညံ့တဲ့ကောင် ၊ ရွံစရာကောင်းလိုက်တာ ..ထွီ.၊
မင်းလို အရေခြုံထားတဲ့ကောင်ငါတို့ကျောင်းမှာရှိနေတာ ငါတို့ကျောင်း သိက္ခာကျတယ်ကွ ..သိလား "" စိတ်ထိန်းစမ်းပါကွာ ၊ သူကို ညင်ညင်သာသာ ပြောသင့်တာပေါ့ မဟုတ်ဘူးလား ....၊ ဘယ်လိုလဲ မင်းရဲ့အတွေ့အကြုံလေးက ကောင်းရဲ့လား ၊ မင်းရဲ့အော်သံလေးကြားရတာ ငါတောင်စိတ်ပါချင်လာသလိုပဲ ...ငါနဲ့ရော အတူနေကြည့်ပါလား hk "
ခနဲ့သောရွဲ့သော စကားလုံးတွေနဲ့ ပစ်ပေါက်ခံနေရပေမယ့် ဘားမှမတုန့်ပြန်မိဘူး ၊ မဟုတ်ဘူး မတုန့်ပြန်နိုင်တာ။
ခက်ခဲမယ်ထင်ခဲ့ပေမယ့် ဆိုရွားတဲ့အရာတွေကို ကြိုတင်မတွေးတောမိခဲ့ဖူးဘူး ၊
တစ်ခန်းလုံးရဲ့ အံဩသလိုအကြည့်တွေ ၊ ရွံရှာစရာ သတ္တ၀ါ တစ်ကောင်လို ကြည့်နေတဲ့အကြည့်တွေကို ကျနော်မုန်းတယ် ။
ပြီးတော့ မသတီစရာကောင်းလှသည့် သိန်းထွန်းမျက်နှာက လှောင်ပြုံး ။
ရွံစရာကောင်းအောင်ရွေ့လျားနေသော ပေါင်ပေါ်ကလက်တွေ။