ခနလေးအတွင်းမှာ ဆူညံပွတ်လောရိုက်သွားခဲ့သည့် ပတ်ဝန်းကျင်သည် အခုတော့ သူမဟုတ်တော့သလိုပြန်လည်ငြိမ်သက်သွားသည်။
နီဆွေးသော သွေးများက မည်းနက်သော ကတ္တရာလမ်းထက်မှာ မြင်မကောင်းအောင်အိုင်ထွန်းနေလျှက်။" မဟုတ်ဘူး...ဒါ မဟုတ်ဘူး ...မလုပ်ပါနဲ့
အမေ ...အမေ့..."သိမ်းကျုံးပွေ့လိုက်တော့ ပျော့ခွေပါလာသော သူမကိုယ်။
လှုပ်လီလှုပ်လဲ့ ဖွင့်ဟဖို့ကြိုးစားနေသော နှုတ်ခမ်းများက နာကျင်မှုများကြားမှ ကြိုးစားပြုံးနေဆဲ ။
သွေးတို့ပေကျံနေသော လက်တစ်ဖက်က ဖြေးညှင်းစွာ ပါးပြင်ကိုလာထိတွေ့သည်။
ကျနော့်ကို ထပ်ထားခဲ့ဖို့မကြိုးစားပါနဲ့တော့ဗျာ ၊ နောက်ထပ်ထွက်မသွားပါနဲ့တော့ ။" နောက် ....နောက်ထပ် အမေလို့ ခေါ်ပါအုံး ..အမေ ကြားချင် ..သေး..တယ် "
" အမေ ...အမေ ...ကျနော်နောက်ဆို အမြဲတမ်းခေါ်မယ် ၊
အမေ ဘားမှမဖြစ်ပါနဲ့နော် ၊ ကျနော် အမေ့ကို ဆေးရုံခေါ်သွားပေးမယ် "သူမကိုယ်ကို ပွေ့ယူလိုက်တော့ ဦးခေါင်းထက်မှ သွေးစက်တို့က မြေပြင်ပေါ် တတောတ်တောတ်ကျဆင်းသည်။
ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ အမေရာ၊ ဖြစ်နိုင်ရင် အဲ့ဒီ့သွေးစက်တွေက ကျနော့်ကိုယ်ကပဲဖြစ်စေချင်တော့တယ်။
ကျနော်နာကျင်ပါ့မယ် ၊ ကျေးဇူးပြုပြီး ကျနော့်အမေကိုမနာကျင်ပါစေနဲ့တော့ လို့ အော်ဟစ်ပြစ်လိုက်ချင်တယ်။
နာကျင်နေလဲ ပြုံးနေဆဲအမေ့နှုတ်ခမ်းတွေက ကျနော့်ကိုနောင်တ တရားတွေထဲ နစ်မွန်းအောင်လုပ်နေသလိုပဲ။
ဒီလောက်တောင် ပျော်လား အမေ ၊ ကျနော့်ဆီက အမေလို့ခေါ်သံက အမေ့ကိုယ်ကနာကျင်မှုတွေကိုယ်တောင် ကျော်လွန်ပြီး ပျော်ရွှင်စေသတဲ့လား ၊ ဒီလိုမှန်း အစောထဲကသိခဲ့ရင် ကျနော်ခေါ်ခဲ့မှာပါ ၊ အမေကြားချင်တဲ့နာမ်စားတစ်ခု ကျနော်ကိုယ်တိုင် အကြိမ်ကြိမ်ခေါ်ချင်ခဲ့တဲ့ နာမ်စားတစ်ခုကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် ကျနော်ခေါ်ပေးခဲ့မှာ ။
