Ep.4

4.8K 266 3
                                    


" မင်း မ​နေ့ကသင်းရနံ့နဲ့ dateလုပ်​တယ်​ဆို ?...
ဘယ်​လိုလဲ.. .. သူမနဲ့အ​ခြေအ​နေ ?..ဟင်​ ..ငါတို့ကိုလည်း
ပြောပြ​လေကွာ ...​နော်​ "

" လင်းသန့်​ ..မင်းဘာဖြစ်​​နေတာလဲ ...အဲ့ကိစ္စက
မင်းအ​ကြောင်းပါလို့လား "

" အာ ..​နေစမ်းပါ စာဂျပိုးကြီးရယ်​ ...မင်းကစာကလွဲရင်
ဘားမှစိတ်​မဝင်​စား​တော့ ဘယ်​သိပါ့မလဲ ၊ သင်းရနံ့က
တစ်ကျောင်းလုံးမှာအလှဆုံးကွ ၊ မာနလဲအရမ်းကြီးတာ ၊
သူနဲ့ dateခွင့်​ရတဲ့ ငါတို့​ကောင်​ကြီးက ဘယ်​​လောက်​ကံ​ကောင်းလိုက်​သလဲ ၊ ​မဟုတ်​ဘူးလား ​စေတန်​...ဟင်​ ၊
နည်းနည်း​လောက်​ဖြစ်​ဖြစ်​မ​ပြောပြချင်​ဘူးလား "

" အင်း "

" ဟာ ...ဘာလဲကွာ ၊ ကိုယ့်​သူငယ်​ချင်း အချင်းချင်းပဲကို
နော်​..၊ ငါဘယ်​သူ့ကိုမှ ပြန်​မ​ပြောဘူးလို့ ကတိ​ပေးတယ်​ကွာ ၊
ဘယ်​လိုလဲ ...၊ သူမ လှတယ်​မှလား ပြီး​တော့ "

" မိန်းခ​လေးတစ်​​ယောက်​ရဲ့ အတင်းကို ​​နောက်​ကွယ်​မှာ
ပြောတာ ​ယောက်ျား​ကောင်း​တွေရဲ့အလုပ်​မဟုတ်​ဘူးကွ..၊
ပြီး​တော့ သူ့အ​ကောင်းမဟုတ်​ပဲ ငါမ​ပြောချင်​ဘူး "

" ဟာကွာ ၊ နည်းနည်းဖြစ်​ဖြစ်​ "

" ​တော်​​တော့ လင်းသန့်​ ၊ ဘယ်​တုန်းကများ
စေတန်​ဆိုတဲ့​ကောင်​က ငြင်းပြီးသားကိုပြင်​ဖူးလို့လဲ၊
ဒီ​ကောင်​မ​ပြောဖူးဆိုတာ သိသားနဲ့ "

" ကျစ်​ ...နှ​မျောလိုက်​တာကွာ ၊ သင်းရနံဆိုတဲ့​ကောင်​မ​လေး
ဘာလို့များ ဒီ​လို​ကောင်​မျိုးကို လာကြိုက်​မှန်း ..နားကို
မလည်​​တော့ဘူး ၊ ငါသာဆို ဒီ​ကောင့်​ထက်​ချိုသာမှု​တွေ
ပေးနိုင်​မှာ အ​သေချာပဲ "

" ​စေတန်​က မင်းထက်​သာတာ သူသိလို့​နေမှာ​ပေါ့ ၊
မင်းက အလကား​နေ တနှာရူး​နေတဲ့​ကောင်​ "

" အဟဲ ...ဘာလဲ မိန်းမက ကိုယ့်​ကိုသဝန်​တို​နေတာလား "

" ​အော့ ....ရွံစရာ​တွေ လာမ​ပြောနဲ့ ​​၊ ငါလက်​က
နေရာ​ရွေး​နေမှာမဟုတ်​ဘူး "

စေတန်​ ရဲ့ နတ်​ဆိုးWhere stories live. Discover now