" ငါ ဘယ်လိုလုပ် မြန်မာပြည်ပြန်ရောက်နေလဲ မမေးတော့ဘူးလား ကောင်း "
" အလည်ပြန်လာတာလား "
" အဲ့လိုပြောလို့လဲရတယ် ၊ မင်္ဂလာဆောင်ပြီး ပြန်သွားမှာ "
" ဘယ်သူနဲ့လဲ "
" ကောင်း နင်မသိလို့မေးနေတာလား "
" ငါစိတ်ကို နင်အစောကြီးထဲက သိနေပြီးသားပဲ ပုံရိပ်ရာ ၊
ငါတို့တွေ သူငယ်ချင်းလိုနေတာပဲ အဆင်ပြေမယ်လို့ "" ဒါဆို နင်ကိုယ်တိုင်ငြင်းလေ "
" အကျပ်မကိုင်စမ်းပါနဲ့ ဟာ ..နော် ၊ နင်သာ ငြင်းလိုက်ရင် အားလုံးအဆင်ပြေသွားမှာ ၊ နင်လဲငါ့ကိုသူငယ်ချင်းလိုပဲသဘောထားတာပဲမဟုတ်လား "
" မဟုတ်ဘူး "
" ပုံရိပ် "
" ငါနင့်ကိုချစ်တယ် ကောင်း ၊ ငါနင့်ကိုငယ်ငယ်လေးထဲကသဘောကျတာ ၊ အဲ့တော့ ဒီမင်္ဂလာပွဲကို ငါငြင်းမှာမဟုတ်ဘူး ၊
နင်ကြိုးစားကြည့်လေ "" ကျစ် ..."
" ဘာလဲ နင်သူ့ကိုတကယ်ချစ်သွားလို့လား ၊ တော်တော်တော့ဖြောင့်သားပဲ "
ပုံရိပ်က နောက်ကျောဖက်ကို လှမ်းကြည့်ပြောတာမို့ လှည့်ကြည့်ဖို့ပေမယ့် အင်္ကျီကော်လံတွေဆီရောက်လာတဲ့ ပုံရိပ်ရဲ့လက်တွေက ကျနော့်ကိုယ်ကိုရှေ့ကို အနည်းငယ်မျှ
ငိုက်ကျသွားအောင်ဆွဲချသွားတယ် ။" ပုံရိပ် နင်ဘာတွေလုပ်နေတာလဲ "
စကားကို နီးကပ်နေတဲ့ ပုံရိပ်နှုတ်ခမ်းတွေနဲ့မထိအောင်ကြိုးစားရှောင်လွှဲရင်းပြောနေရတယ်။
နမ်းတာလဲမဟုတ်ပါပဲ ပုံရိပ်နှုတ်ခမ်းတွေက ကျနော့်နှုတ်ခမ်းတွေနဲ့ စင်တီမီတာသာသာ အကွာအဝေးမှာ ။
ဒါပေမယ့် သူမရဲ့မျက်လုံးတွေကတော့ နေရာမလွှဲခဲ့ပဲ။" သက်တန့်ကောင်းဆိုတဲ့လူဟာ သူစိတ်ကူးယဉ်သင့်တဲ့လူမျိုးမဟုတ်ကြောင်း သိစေချင်လို့ "
