သက်တန့်ကောင်းဆိုတဲ့ကောင် တကယ်မလွယ်တာပဲ။
အတင်းကို လိုက်ရောနေတော့တာ ၊ မသိချင်ယောင်ဆောင်နေလို့မရ ၊ မကြားချင်ယောင်ဆောင်ပြီး နေလဲမရဘူး။
တမင်ရှောင်ချင်လို့ အတန်းမတတ်ပဲ စာကြည့်တိုက်ထဲသွားအိပ်နေရင်တောင် မတွေ့တွေ့အောင်လိုက်ရှာပြီး
ရောက်လာတတ်တယ် ၊ တစ်ခါတစ်ခါလည်း မျက်နှာပြောင်တိုက်လွန်းတယ် ၊ တစ်ခါတစ်လေမှသွားတတ်တဲ့ ကန်တင်းကို မရောက်သေးခင်သူကရောက်နှင့်ပြီး ကိုယ့်အတွက်စားစရာကြိုမှာထားတာတွေ ၊ ရှောင်ထွက်သွားလည်း နောက်ကနေ ပန်းကန်ကိုင်ပြီး လူကြားမရှောင်အတင်းလိုက်ခေါ်
တစ်ခါ စိတ်တိုတိုနဲ့ ပိတ်အော်ပစ်လိုက်တယ် ၊ ဒါလဲသူကမမှုဘူး ။
အပြုံးမပျက်ပဲ ၊ ဘယ်ချိန်ကြည့်ကြည့် သူ့မျက်နှာတည်နေတဲ့ချိန်မတွေ့ရဘူး မျက်နှာရူးဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ။
အခုလဲ မှောက်အိပ်နေတဲ့ စားပွဲပေါ် မုန့်ထုပ်တွေရောက်လာလို့မော့ကြည့်တော့ ကိုယ်တော်က ပြုံးပြပြီးအနားဝင်ထိုင်သည်။" ဒါဘာလဲ "
" မင်းစားဖို့လေ ၊ ကန်တင်းမသွားရင်မင်းဗိုက်ဆာနေမှာပေါ့
ပြီးတော့ ဘာကြိုက်တတ်မှန်းမသိလို့ စားလို့ကောင်းမယ့်ဟာ
အကုန်ဝယ်လာခဲ့တာ "" မင်းကို ဘယ်သူကဝယ်ခိုင်းလို့လဲ "
" ဘယ်သူ့မှမခိုင်းဘူး ၊ မင်းကိုစားစေချင်လို့ "
" ငါစားမှမဟုတ်ဘူးဆိုတာ မင်းမသိတာလား ၊
မင်းဘာလို့ ဒီလောက်ထိ စိတ်ကုန်ဖို့ကောင်းအောင်
ငါ့ကို လိုက်နှောက်ယှက်နေတာလဲ "" ရိုးရိုးလေးပါ ၊ မင်းနဲ့ရင်းနှီးခွင့်ရချင်တာ "
" ငါစကားကို နှစ်ခါမပြောဘူး "
" okလေ အဲ့ဒါဆို အခုတိုင်းပဲဆက်နေပေါ့ ၊ ငါကငယ်ငယ်လေးထဲက ကိုယ်လိုချင်တာကို မရမချင်းလက်လျော့တတ်တဲ့အကျင့်မရှိဘူး "
