TOC ^^1

5.4K 272 5
                                    


" Tears of Cherry "

Episode _1

" ဒီနေရာဆို မင်းနဲ့အတော်ပဲ မဟုတ်လား ချန်းယောလ် "

ဆယ်ဟွန်း  စကားကြောင့် ရောက်နေသော နေရာကို မျက်စိဝေ့ကြည့်လိုက်မိသည်....

ပင်လယ်ကမ်းစပ် တောင်ကုန်းပေါ်ရှိ ရှေးဆန်ဆန်အိမ်ကြီးတစ်လုံး...
တောင်ကုန်းပေါ် တည်ဆောက်ထားတာကြောင့် ငုံကြည့်လိုက်ရင် ချောက်က နက်နက်...

အိမ်ကြီးက တော်ဝင်ဆန်ပုံရပြီး ခမ်းနာသော်လည်း အတော်အတန် အိုဟောင်းနေလေပြီ...

အိမ်၏ အရှေ့တွင်ရှိနေသော ချယ်ရီပင်ကြီးသည်လည်း ထူးဆန်းစွာ ကျောက်ပွေးတွေတက်နေပုံထောက်ရင် အသက်ကြီးနေပြီး နှစ်ချို့လောက်လေပြီ....သို့သော် ချယ်ရီတို့က ပွင့်နေသည်မှာ တစ်ပင်လုံး ဝေနေလေသည်...

တစ်ခုကောင်းသည်ကား...ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ရှိခြင်းပင်....

မိမိသည် Documentary Director တစ်ဦးဖြစ်သည့် အားလျော်စွာ လူသူအရောက်အပေါက်နည်းသော ဒေသများကို လှည့်လည် ကုန်ကြမ်းစုကာ...ရိုက်ကူးရန် နီးသည့်အခါတွင်တော့ အဖွဲ့သားများကို ခေါ်ယူပြီး မှတ်တမ်းတင်လေ့ရှိသော်လည်း.... အချက်အလက် စုသည့်အခါတွင်တော့ တစ်ဦးတည်းသာ စုဆောင်းတတ်သည်ကြောင့်...  အေးအေးဆေးဆေး တည်းခိုနိုင်မည့် နေရာအား ကျောင်းဆရာလုပ်ကာ ဒေသခံဖြစ်နေသည့် ငယ်သူငယ်ချင်း  ဆယ်ဟွန်း ကို ရှာခိုင်းရခြင်းပင်....

ဒီနေရာလေးကား မဆိုးလှ အဆင်ပြေမည့်ပုံပေါ်လေသည်...

" Gomarwow ဆယ်ဟွန်း  ah... အဆင်ပြေမယ့်ပုံပါကွ...."

" အင်း...တော်ပါသေးရဲ့ကွာ မင်းက ဇီဇာကြောင်တတ်လို့ စိုးရိမ်နေတာ...ဒါဆို ငါပြန်ဦးမယ် ကျောင်းချိန်ရှိလို့...နက်ဖြန် အခြေအနေ ငါလာကြည့်ပေးမယ်.."

"Arrasaw... ကောင်းကောင်းပြန်ပါ ကျောင်းဆရာကြီး...."

လက်ပြရင်း စက်နှိုးထွက်သွားသော ဆယ်ဟွန်း  ၏ ကားလေး မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးလေတော့ အထုပ်အပိုးတွေ နေရာချရပြန်သည်...

လူမနေတာ ကြာသည်ထင်ရသော်လည်း ဖုန်တို့ကား တစ်စက်မှ ရှိမနေ ပစ္စည်းအသုံးအဆောင်များအား အဝတ်ဖြူတို့ဖြင့် ဖုံးထားလေသည်...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now