" Tears of Cherry "
°°°°°°°°•••••••°°°°°°°Episode - 17- ½
" ထွက်မတွေ့နဲ့ Byun... "
" ကျနော် ကျိန်းသေပေါက် တွေ့မှရမယ် ယောလ်... ကျနော့ကို ခွင့်ပြုပေးပါ "
ဗြောင်နာဘီနှင့် အစေခံများ လာကြပြီး ဗြောင်သခင်လေးကို တွေ့ချင်ပါတယ် ဟု ဆိုလာ၍ အန္တရာယ် အရိပ်အငွေ့တွေ တွေ့နေရတာမို့
ဧည့်ခန်းထဲသို့ ထွက်မတွေ့ရန် သခင်ကြီးယောလ် အတန်တန်တားသော်လည်း သခင်လေးဗြောင်ကတော့ ခပ်အေးအေးအပြုံးနှင့် ခွင့်တောင်းပြီး ဧည့်ခန်းထဲသို့ တဇွတ်ထိုး ထွက်သွားလေသည်..သခင်လေးဗြောင် double stair ပေါ်မှ ဆင်းလာတည်းက မဲ့ပြုံးကို ပန်ဆင်ထားတဲ့ ဗြောင်နာဘီဟာ သရော်ပြုံးနှင့်ပြုံးပြန်သည်..
" ဗြောင် သခင်ကြီးရဲ့ မျိုးရိုးက သားငယ်က ယောက်ျားချင်းယူမတဲ့ ဟောဒီက noona က ဘယ်မျက်နှာနဲ့ ဖိတ်စာသဝဏ်လွှာတွေ ပါးရမှာတုန်း ငါ့မောင်လေး အိမ်ထောင်ကျရင် ငါတော့ ယောက်မရပြီဆိုပြီး ကြွားမယ် ဖိတ်မယ်ပေါ့ အခုတော့ အော်သွတ်ခဲ သွေးတက်လိုက်တာ "
နားထင်ကို လက်တစ်ဖက်ဖြင့်ဖိတာ တစ်ဖက်က ခေါက်ယပ်တောင်အကြီးကြီးတဖြတ်ဖြတ်ယပ်နေသော ဗြောင်နာဘီက လှောင်ပြောင်သရော်ပြီး ပြောနေသော်ငြား ဗြောင်သခင်လေးသည် အပြုံးမပျက်..
" ကျနော်ကလည်း noona က ဖိတ်စာဝေခိုင်းဖို့မပြောနဲ့ မင်္ဂလာဆောင်ကိုတောင် မဖိတ်ပါဘူး အော်သွတ်ခဲ "
မထီမဲ့မြင် ပုံစံနှင့် ဗြောင်သခင်လေးပုံစံကြောင့် ဗြောင်နာဘီ အံ့ဩသွားသည်မှာအမှန်..
ဒီကလေးက ဒီလောက် ဘယ်တုန်းကမှမပြောတတ်ခဲ့ဘူး မဟုတ်ပါလား
အံ့ဩသော်ငြား အိနြေ္ဒဆယ်ကာ.." မင်း မျက်နှာပြောင်တိုက်လှချည်လား ယောက်ျားချင်းယူတာကိုတောင် ဂုဏ်ယူနေသေး အရှက်မရှိလိုက်တာ "
" အောဟော ယောက်ျားတစ်ယောက်ကို မချစ်ပဲ ဂုဏ်မက်ပြီး ပိုင်ဆိုင်ချင်ရုံ သက်သက်နဲ့ အောက်လမ်းနည်းပညာတွေသုံးပြီး အရယူချင်တာလောက်တော့ အောက်တန်းမကျသေးပါဘူး ထင်ပါရဲ့ "
ဗြောင်သခင်လေးရဲ့စကားအဆုံး ဗြောင်နာဘီတစ်ယောက် ပြောစရာစကားမရှိလောက်အောင် ဖြစ်သွားရလေသည်..
" သွားတော့မယ် လာပြန်ကြမယ် "
အခိုင်းအစေတွေကို ခေါ်ကာ ရှက်ရှက်နှင့် ထပြန်သွားသော ဗြောင်နာဘီ ကို တစ်လှည့် ကျွန်းခုံကြီးပေါ်၌ မိန့်မိန့်ကြီးထိုင်ကာ ပြုံးနေသော ဗြောင်ဘတ်ဟျွန်းကိုတစ်လှည့်ကြည့်ကာ သခင်ကြီးယောလ် နားမလည်နိုင်အောင် ဖြစ်သွားရသည်
ကိုယ့်ရဲ့ကလေး တကယ်ကို ပြောင်းလဲသွားသည်ပင်..
°°° To Be Continue °°°
ဗြောင်သခင်လေး ပြောင်းလဲလာတာ သတိထားမိကြမလားမသိ..
ဟုတ်ကဲ့ ဒီအပိုင်းလေးက episode 17 ရဲ့ ½ ပါနော်
Episode အပြည့်မဟုတ်သေးပါဘူး
ပြောင်းလဲမှုလေးကို ထုတ်ပြရုံပါနော်..ဘာကြောင့် ဘယ်လို ပြောင်းလဲလာတာ ဆိုတာ Episode 17 က နက်ဖြန်တင်ပေးပြီး သိရအောင်လုပ်ပေးမှာပါ
ဘာကြောင့် ပြောင်းလဲတယ်ထင်ကြလဲမသိ ♥
#EaintThiriAung
#real_etra 💫💫💫

YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...