TOC ^^ 3

1.6K 191 2
                                    

" Tears of Cherry "
°°°°°°°°°°°°°°°°°°°°
Episoode ~ 3

အဖိုးအိုပေးလိုက်သော ထိုအဖိုး၏ အဖွားဖြစ်သူ ပြုစုထားသည့် " ချယ်ရီစံအိမ်တော်မှတ်တမ်း " စာအုပ်ကို အိမ်ပြန်ရောက်တော့ စဖွင့်ကြည့်မိရာက... စိတ်ဝင်စားစရာကောင်းသော ဖြစ်ရပ်မှန်ဇာတ်လမ်း ဆီ မျောပါသွားခဲ့ရသည်...

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

၁၈၆၈ ခုနှစ် ၊ မေလ ၆ ရက် ၊ " ချယ်ရီစံအိမ်တော်.....

ဗြောင်သခင်ကြီး၏ သားငယ် ၊ တစ်နည်းအားဖြင့် သားအရင်းဖြစ်သူ သခင်လေး ဗြောင်ဘတ်ဟျွန်း၏ မွေးနေ့ပေမယ့် စံအိမ်တော်အတွင်း လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်...

မွေးနေ့ရှင်သခင်လေး၏ အကြိုက် ချယ်ရီပန်းတို့သည်လည်း အိမ်တော်အတွင်း နေရာအနှံ့ အလှဆင်ထားလေသည်...

ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ လာမယ့် ဒီလိုပွဲမျိုးအတွက် ချယ်ရီရောင် အပြင်အဆင်တွေထက် ဂန္တဝင်ဆန်ဆန် အရောင်တွေရွေးချယ်သင့်ပေမယ့် မွေးနေ့ရှင် သခင်လေး စိတ်ကြိုက်သာ ရွေးချယ်ခဲ့ရသည်...

သခင်လေးသည် အနေအေးသလောက် အစွဲအလန်းကြီးသည်...သူမြတ်နိုးရာ တစ်ခုခု ဆုံးရှုံးရရင်.. ယုတ်စွအဆုံး ချယ်ရီတစ်ပွင့်ကို တက်နင်းမိရင်တောင် စိတ်မကောင်းတတ်သည့် ကလေးငယ်...

ပန်းချီဆွဲရတာနဲ့ စန္ဒယား တို့ တယောတို့လို တူရိယာတွေ တီးခတ်ရတာ ကြိုက်တဲ့ ကလေးငယ်ဟာ....  စိတ်နှလုံးလည်း အရမ်းနူးညံ့လွန်းသည်...

အခုပဲကြည့် မွေးနေ့ပွဲ ကျင်းပခါနီး မွေးနေ့ရှင်ကမရှိ၍ အထိန်းတော်များ လိုက်ရှာရာ ချယ်ရီပင် ခွကြား ပန်းချီတက်ဆွဲနေသော သခင်လေးဗြောင်ကို တွေ့လိုက်ကြရသည်...

" သခင်လေးရေ...လိမ္မာတယ် ဆင်းလာခဲ့လေနော်....မွေးနေ့ပွဲစတော့မှာမို့..."

အထိန်းတော်ကြီး ဂင်ထယ်ရှင်း အော်ပြောသောငြား.. သခင်လေးက ဆူပုတ်ပြီး ဟိုဘက်တောင် လှည့်သွားသေးသည်...

" သခင်လေး..."

"Gin Arjima.... မွေးနေ့ပွဲအမှီ ကျနော်လာမှာမို့ စိတ်မပူနဲ့လေနော်...ပန်ချီလေး လက်စသတ်ချင်လို့...
Appa ကိုတော့ မတိုင်နဲ့လေနော်....ဟီး.."

" Tears of Cherry " [ Chanbaek ]Where stories live. Discover now