^^TOC ~12^^

1.2K 150 0
                                    

" Tears of Cherry "

Episode ~12

အချိန်ကား အရုဏ်တက်ချိန် ၄ နာရီ....

နေလုံးသည်လည်း ပင်လယ်ရေအောက်မှထွက်လာသကဲ့သို့ တဖြည်းဖြည်းနှင့်ထွက်လာတာ ရောင်ခြည်အချို့သည်လည်း ပင်လယ်လှိုင်း ကြက်ခွပ်တို့အပေါ်ဖြန့်ကျဲလျှက်ရှိ၏...

မနက်ခင်းလေညှင်းသွဲ့သွဲ့ကြောင့် ပြတင်းပေါက်အဖွင့်တွင် ချယ်ရီနံ့သင်းသင်းပြေပြေလေးက  လှိုက်ကနဲမွှေး၍ ရင်ကိုအေးသွားစေသည်....

အလှအပတို့ပြည့်နေသော မနက်ခင်းဖြစ်သော်ငြား အလှအပတို့အား ချန်းယော်တစ်ယောက် မခံစားဝံ့...
ချစ်ရသော ဝိညာဉ်ငယ်လေးသည် နေရောင်ခြည်ထွက်လာသည်နှင့် ပျောက်ကွယ်သွားမည့် ဖြစ်တည်မှုလေး မဟုတ်ပါလား...

ဒီ့ထက်ပိုလင်းလာတာနှင့်အမျှ ဟျွန်း ဟာ အငွေ့လေးလို ပျောက်ကွယ်သွာပြီး ညရောက်မှ ပြန်လာလေတော့မှာ....

လက်သွယ်သွယ်လေးတွေကို လက်ဝါးကြီးကြီးနှင့် အုပ်မိုးကိုင်လိုက်ရင်း...

မျက်နှာငယ်လေးကို ခပ်ဆွေးဆွေးငေးကြည့်မိသည်....

" ကျနော်လည်း မခွဲချင်ပါဘူး ယောလ်ရယ်..ဒါပေမယ့်.... မတတ်နိုင်ဘူး မဟုတ်လား...
ကျနော်တို့က... ဘဝခြားနေကြတယ်လေ..."

ကိုယ့်အတွေးကို သိနေတဲ့ကလေးက လက်သွယ်သွယ်လေးတွေ နဲ့ ပြန်လည်ဆုပ်ကိုင်ရင်း အားပေးနေပြန်သည်...

" သွားတော့မယ်နော် ယောလ်...ချစ်တယ်.. "

" အင်း...ကိုယ်လည်း ချစ်ပါတယ် ဟျွန်း..."

တဖြည်းဖြည်း ပုံရိပ်လေးက ဝေဝါးကာ ပျောက်ကွယ်သွားသည်...

နှလုံးသားထဲလည်း ဟာတာတာနှင့် ကျန်ရစ်ခဲ့လေသည်
..

ညကျရင်တော့ ပြန်ဆုံမယ် ဟျွန်းငယ်..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

8:00 AM

" ချန်းယောလ်ရေ...ဟေး..ဒါရိုက်တာကြီး..."

အေးအေးဆေးဆေး ချယ်ရီပင်အောက်ထိုင်ကာ ဝိညာဉ်ငယ်အကြောင်းတွေးနေခိုက် ကြားလိုက်ရသည့်... ဆယ်ဟွန်း၏အသံ...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now